Cele News

နိုင်ငံရပ်ခြားက နာမည်ကြီး ကမ်းခြေတစ်ခုမှာ ခမ်းခမ်းနားနား ကျင်းပခဲ့တဲ့ မင်္ဂလာပွဲပုံရိပ်တွေကို ပြန်လည် ဖော်ပြခဲ့တဲ့ ဆုပန်ထွာ

Written by Aung Lay

မင်းသမီးချော ဆုပန်ထွာကတော့ ညိုချောလေးဖြစ်တာကြောင့် ပရိတ်သတ်တွေက အချစ်ပို အားပေးနေရပြီး လက်ရှိမှာလည်း အောင်မြင်တဲ့ မင်းသမီးတစ်ယောက်အဖြစ် ရပ်တည်နေသူပါ။ သူမရဲ့ ခင်ပွန်း ကိုဥက္ကကျော်နဲ့အတူ ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ထောင်ထားသူပါ။

ဘာသာတရားကိုင်းရှိုင်းပြီး အလှူရေစက်လက်နဲ့မကွာ လှူဒါန်းနေတာကြောင့် ပရိတ်သတ်တွေရဲ့ အားကျချစ်ခင်မှုကို ရရှိနေသူလည်း ဖြစ်ပါတယ်။ အချိန်ပေးပြီး ဘာသာတရားအလုပ်များကို သူမရဲ့ ပရိတ်သတ်တွေ ထံကိုလည်း မျှဝေလေ့ ရှိပါတယ်။

ပန်ပန်လို့ ချစ်စနိုးခေါ်ရတဲ့ ဆုပန်ထွာကတော့ သူမရဲ့ ခင်ပွန်း ကိုဥက္ကာကျော်နဲ့ လက်တွဲခဲ့တာ အခုဆိုရင် မင်္ဂလာသက်တမ်း ၅ နှစ်ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ မင်္ဂလာသက်တမ်း ၅ နှစ်ပြည့် နှစ်ပတ်လည် နေ့လေးမှာ သူမတို့ ဇနီးမောင်နှံရဲ့ ခန်းနားတဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေကို အခုလိုပဲ မျှဝေခဲ့ပါတယ်။

သူမတို့ရဲ့ မင်္ဂလာပွဲလေးကို ကယ်လီဖိုးနီးယားနိုင်ငံ santa monica beach မှာ ရိုမန်တစ်ဆန်ဆန် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းတွေထဲက ပုံရိပ်လေးတွေအတိုင်း ကျင်းပခဲ့တဲ့ မင်္ဂလာပွဲလေးကတော့ မြင်ရသူအဖို့ ကြည်နူးစေမှာ အမှန်ပါပဲနော်။

မင်္ဂလာပွဲ ဝတ်စုံလေးတွေကိုလည်း အနောက်တိုင်းဆန်ဆန် ရွေးချယ်ထားတဲ့အပြင် နောက်ခံ ကမ်းခြေအလှပုံရိပ်တွေကလည်း အရမ်းကို လှပနေတာကြောင့် ပြီးပြည့်စုံတဲ့ ပုံရိပ်လေးတွေကို တွေ့ရမှာပါ။

မင်းသမီးချောလေး ဆုပန်ထွာကတော့ အဖြူရောင် သတို့သမီးဝတ်စုံလေးနဲ့ ချစ်ရသူရဲ့ လက်ကိုတွဲပြီး တောက်ပတဲ့ အပြုံးတွေနဲ့ လှချင်တိုင်း လှနေပါတယ်နော်။ နတ်သမီးပုံပြင်တွေထဲကလို ခန်းခန်းနားနားနဲ့ မင်္ဂလာပွဲကျင်းပခဲ့တဲ့ မင်းသမီးချောလေး ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ရဲ့ ပုံရိပ်လေးတွေဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။

ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ ပရိတ်သတ်တွေရဲ့ မင်္ဂလာဆောင်စဉ်က အမှတ်တရလေးတွေကိုလည်း ပြောခဲ့ပါဦးနော်။

Zawgyi

မင္းသမီးေခ်ာ ဆုပန္ထြာကေတာ့ ညိဳေခ်ာေလးျဖစ္တာေၾကာင့္ ပရိတ္သတ္ေတြက အခ်စ္ပို အားေပးေနရၿပီး လက္ရွိမွာလည္း ေအာင္ျမင္တဲ့ မင္းသမီးတစ္ေယာက္အျဖစ္ ရပ္တည္ေနသူပါ။ သူမရဲ႕ ခင္ပြန္း ကိုဥကၠေက်ာ္နဲ႔အတူ ခ်စ္စရာေကာင္းတဲ့ သားေလးကို ပိုင္ဆိုင္ထားၿပီး ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို တည္ေထာင္ထားသူပါ။

ဘာသာတရားကိုင္းရႈိင္းၿပီး အလႉေရစက္လက္နဲ႔မကြာ လႉဒါန္းေနတာေၾကာင့္ ပရိတ္သတ္ေတြရဲ႕ အားက်ခ်စ္ခင္မႈကို ရရွိေနသူလည္း ျဖစ္ပါတယ္။ အခ်ိန္ေပးၿပီး ဘာသာတရားအလုပ္မ်ားကို သူမရဲ႕ ပရိတ္သတ္ေတြ ထံကိုလည္း မွ်ေဝေလ့ ရွိပါတယ္။

ပန္ပန္လို႔ ခ်စ္စႏိုးေခၚရတဲ့ ဆုပန္ထြာကေတာ့ သူမရဲ႕ ခင္ပြန္း ကိုဥကၠာေက်ာ္နဲ႔ လက္တြဲခဲ့တာ အခုဆိုရင္ မဂၤလာသက္တမ္း ၅ ႏွစ္ျပည့္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ မဂၤလာသက္တမ္း ၅ ႏွစ္ျပည့္ ႏွစ္ပတ္လည္ ေန႔ေလးမွာ သူမတို႔ ဇနီးေမာင္ႏွံရဲ႕ ခန္းနားတဲ့ မဂၤလာပြဲပုံရိပ္ေလးေတြကို အခုလိုပဲ မွ်ေဝခဲ့ပါတယ္။

သူမတို႔ရဲ႕ မဂၤလာပြဲေလးကို ကယ္လီဖိုးနီးယားႏိုင္ငံ santa monica beach မွာ ႐ိုမန္တစ္ဆန္ဆန္ က်င္းပခဲ့တာ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ ဇာတ္လမ္းေတြထဲက ပုံရိပ္ေလးေတြအတိုင္း က်င္းပခဲ့တဲ့ မဂၤလာပြဲေလးကေတာ့ ျမင္ရသူအဖို႔ ၾကည္ႏူးေစမွာ အမွန္ပါပဲေနာ္။

မဂၤလာပြဲ ဝတ္စုံေလးေတြကိုလည္း အေနာက္တိုင္းဆန္ဆန္ ေ႐ြးခ်ယ္ထားတဲ့အျပင္ ေနာက္ခံ ကမ္းေျခအလွပုံရိပ္ေတြကလည္း အရမ္းကို လွပေနတာေၾကာင့္ ၿပီးျပည့္စုံတဲ့ ပုံရိပ္ေလးေတြကို ေတြ႕ရမွာပါ။

မင္းသမီးေခ်ာေလး ဆုပန္ထြာကေတာ့ အျဖဴေရာင္ သတို႔သမီးဝတ္စုံေလးနဲ႔ ခ်စ္ရသူရဲ႕ လက္ကိုတြဲၿပီး ေတာက္ပတဲ့ အၿပဳံးေတြနဲ႔ လွခ်င္တိုင္း လွေနပါတယ္ေနာ္။ နတ္သမီးပုံျပင္ေတြထဲကလို ခန္းခန္းနားနားနဲ႔ မဂၤလာပြဲက်င္းပခဲ့တဲ့ မင္းသမီးေခ်ာေလး ဆုပန္ထြာနဲ႔ ကိုဥကၠာေက်ာ္တို႔ရဲ႕ ပုံရိပ္ေလးေတြေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။

ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။ ပရိတ္သတ္ေတြရဲ႕ မဂၤလာေဆာင္စဥ္က အမွတ္တရေလးေတြကိုလည္း ေျပာခဲ့ပါဦးေနာ္။

About the author

Aung Lay

Leave a Comment