ၾကားသိရသမ်ွ

(၉-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ၊ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

Written by Aung Lay

COVID-19 ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

(၉-၅-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီ

၁။ (၉-၅-၂၀၂၀) ရက္ေန႔၊ ညေနပိုင္းတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ ပထမအသုတ္စစ္ေဆးၿပီးစီးခဲ့ေသာ ဓာတ္ခြဲနမူနာ (၁၈၈) ခုႏွင့္ ေဆးသုေတသနဦးစီးဌာနမွ စစ္ေဆးၿပီးစီးခဲ့ေသာ ဓာတ္ခြဲနမူနာ (၈၅) ခု၊ စုစုေပါင္း (၂၇၃)ခု တြင္ –

COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ (၁)ဦး ေတြ႕ရွိရပါသည္။

၂။ သို႔ျဖစ္ရာ (၉-၅-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၁၇၈) ဦးရွိၿပီျဖစ္ပါသည္။

၃။ ဓာတ္ခြဲစစ္ေဆးမႈမ်ားတြင္ ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ား၌ (၂) ႀကိမ္ ဆက္တိုက္ ပိုးမေတြ႕ရွိသူ (၁) ဦး (Case- 143) ရွိသျဖင့္ ယေန႔အထိ ေရာဂါပိုးကင္းစင္လာသူ စုစုေပါင္း (၆၈) ဦးရွိပါသည္။ ၎တို႔အနက္ (၄၆) ဦးအား ေဆး႐ုံမွဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ ေနရာမ်ားတြင္ အသြားအလာဆက္လက္ကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။

၄။ ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။

၅။ (၈-၅-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၉-၅-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၅၆) ဦး ရွိပါသည္။

Unicode

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၉-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

၁။ (၉-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၈) ခုနှင့် ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၈၅) ခု၊ စုစုပေါင်း (၂၇၃)ခု တွင် –

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁)ဦး တွေ့ရှိရပါသည်။

၂။ သို့ဖြစ်ရာ (၉-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၇၈) ဦးရှိပြီဖြစ်ပါသည်။

၃။ ဓာတ်ခွဲစစ်ဆေးမှုများတွင် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၌ (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁) ဦး (Case- 143) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၆၈) ဦးရှိပါသည်။ ၎င်းတို့အနက် (၄၆) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၈-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၉-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၅၆) ဦး ရှိပါသည်။

About the author

Aung Lay

Leave a Comment