Cele News

နွဲ့ဆိုး ဆိုးလွန်းတဲ့ချစ်သူလေးဘေဘီမော င်ကို အဆုံးထိသည်းခံပြီးချစ်ပေး မယ်ဆိုတဲ့ သား ဂန်း

Written by Aung Lay

နွဲ့ဆိုး ဆိုးလွန်းတဲ့ချစ်သူလေးဘေဘီမော င်ကို အဆုံးထိသည်းခံပြီးချစ်ပေး မယ်ဆိုတဲ့ သား ဂန်း

မ နဲ့မောင် ” စုံတွဲလေးအဖြစ်နဲ့ ပရိသတ်တွေရဲ့အားပေးမှုရနေတဲ့ သားဂန်းနဲ့ဘေဘီမောင်တို့ နှစ်ယောက်သားက ပြင်ဦးလွင်မှာ ကားရိုက်ရှိလို့ အတူတူသွားနေကြတာပဲဖြစ်ပါတယ်။ Stay Home နေစဉ်ကာလတွေမှာ မတွေ့ရတာကြာပြီမို့ နှစ်ယောက်သားက အချစ်တွေထက် အလွမ်း တွေက ပိုများနေခဲ့ပါတယ်။ အငယ်ဖြစ်ပေမယ့် ဘေဘီက သားဂန်းကို အကိုကြီးတစ်ယောက်လို ချွဲတဲ့အခါမှာ လည်း အလိုလိုက်ပြီး ချစ်ပေးတတ်ပါသေးတယ်။

ချစ် သူကိုတန်ဖိုးထားပြီး သိပ်ချစ်တတ်တဲ့ သားဂန်းရဲ့အချစ်တွေဟာ လက်တွဲလာတဲ့အချိန်တွေ ပိုပြီးကြာလာလေလေ ပိုခိုင်မြဲလာလေ ပါပဲ။ ဘေဘီကလည်း သားဂန်းရဲ့ အချစ်ကိုကို ယုံကြည်လို့ သူများနောက်ပါသွားမှာ စိတ်မပူဘူးလို့ပြောခဲ့ပါသေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပတ်သက်မှုမှာ ယုံကြည်မှုဟာအတော်လေးအရေးပါတာမို့ ဒီအရာလေးသာ ရှိနေရင် တွဲလက်တွေက မြဲနေဦးမှာပါပဲ။

နှစ်ယောက်သားရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ” မူယာ မာယာများလို့မဟုတ်ဘူး တမင်သက်သက်ဆိုးချင်သူ သူမဘယ်လောက် ဆိုးဆိုး သည်းခံခွှင့်လွှတ်ချစ်မယ့်သူပါဗျ ” ဆိုပြီး သားဂန်းက ဝေမျှခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်တယ်ဆိုတာ ဒီပုံရိပ်လေးတွေက အသေအချာကိုဖော်ပြနေခဲ့ပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် Happy – Cele Zone
Photo – Thar Gan

Zawgyi





Photo – Thar Gan

About the author

Aung Lay

Leave a Comment