News

ပျံသန်း ရာလမ်းတလျှောက် ရှိ စိုက်ခင်းများ ကို ဖျက်ဆီး ခဲ့သော ကျိုင်းကောင် အုပ်ကြီး မြန်မာနှင့် တဖြည်းဖြည်း နီးကပ်လာ

Written by Aung Lay

ပျံသန်း ရာလမ်းတလျှောက် ရှိ စိုက်ခင်းများ ကို ဖျက်ဆီး ခဲ့သော ကျိုင်းကောင် အုပ်ကြီး မြန်မာနှင့် တဖြည်းဖြည်း နီးကပ်လာ

သန်းပေါင်းများစွာသော သဲကန္တာရ ကျိုင်းကောင်တွေဟာ ၂၈၊ ၀၆၊၂၀၂၀ နေ့မှာ အိန္ဒိယမြို့တော် နယူးဒေလီအထိ ရောက်လာပြီဖြစ်ကြောင်းသိရပါတယ်။

ဒီ သဲကန္တာရကျိုင်းကောင်ကပ်ဟာ ၂၀၂၀ ဇန်နဝါရီလမှာ အာဖရိကတိုက် အရှေ့ပိုင်းနိုင်ငံတွေက စတင်ခဲ့ပြီး အရှေ့ဖက်ကို ရွေ့လျား ပြန့်နှံ့နေပါတယ်။

အကောင်ရေ သန်းပေါင်းများစွာပါဝင်ပြီး (၇) ကီလိုမီတာလောက် အထိ ကြီးမားကာ တစ်နာရီ (၁၉)ကီလိုမီတာနှုန်းအထိ ပျံသန်းနိုင်လို့ တစ်ရက်ကို ကီလိုမီတာ (၁၅၀)ကနေ (၂၀၀) လောက်ကို ရွေ့လျားနိုင်ပါတယ်။ (သဲကန္တာရကျိုင်းကောင် တစ်အုပ်ဟာ အကောင်ရေ သန်း (၈၀) အထိ ပါဝင်နိုင်ပါတယ်)

သူတို့ရဲ့ ကြီးမားတဲ့ အဖျက်စွမ်းအားကြောင့် အာဖရိကအရှေ့ပိုင်း (၉) နိုင်ငံမှာ သန်းပေါင်းများစွာသော လူများ အငတ်ဘေးနဲ့ ကြုံတွေ့နေရပြီလို့သိရပါတယ်။

၂၀၂၀ ဇွန်လမှာ ရောက်ရှိလာတဲ့ ဒီကျိုင်းကောင်များကြောင့် ပါကစ္စတန်နိုင်ငံမှာလည်း သီးနှံများ ပျက်စီးဆုံးရှုံးပြီး အရေးပေါ်အခြေအနေ ကြေငြာထားကာ နိုင်ငံတကာ အကူအညီများကို တောင်းခံနေရပါပြီ။

ကျိုင်းကောင်အုပ်ကြီး စားသောက်ဖျက်ဆီးပြီး အရှေ့ဖက်ကို ဆက်လက် ရွေ့လျားနေပေမယ့် ပိုမိုထိန်းသိမ်းရခက်တဲ့ ပြဿနာကတော့ လမ်းတစ်လျှောက် ဥများကို ဥထားခဲ့ခြင်းကြောင့် ထပ်မံ အသစ်ပေါက်ပွားလာတဲ့ ကျိုင်းကောင်သစ်တွေက ဆက်လက် ဖျက်ဆီးမှုကို ပြုလုပ်နိုင်ခြင်းပါပဲ။

ကျိုင်းကောင်တွေဟာ ဇွန်-စက်တင်ဘာ ကာလအတွင်း အဓိက စိုက်ပျိုးရေးပြုလုပ်ကြမယ့် နိုင်ငံများတောက်လျှောက်ကို ပျံသန်းဖျက်ဆီးနိုင်တဲ့အတွက် မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတွေဟာ စိုးရိမ်ရတဲ့ စာရင်းထဲမှာ ပါနေပါတယ်။

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးဌါနက သဲကန္တာရကျိုင်းကောင်ကပ်အတွက် ကြိုတင် တပ်လှန့် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးရေးဌါနအတွင်း ပညာပေး အသိပေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

ယခု ကျိုင်းကောင်များရောက်ရှိနေပြီဖြစ်တဲ့ နယူးဒေလီမြို့ဟာ မြန်မာနိုင်ငံ အနောက်ဖက် အိန္ဒိယနယ်စပ် ပလက်ဝမြို့နဲ့ဆိုရင် ကီလိုမီတာပေါင်း (၁၈၀၀) နီးပါးပဲ ကွာဝေးပါတယ်။

တစ်ရက်ကို ကီလိုမီတာ (၁၅၀) အထိ ပျံသန်းနိုင်တဲ့ ကျိုင်းကောင်အုပ်ဟာ တောက်လျှောက်သာ ပျံမယ်ဆိုရင် (၁၂) ရက်တာ အကွာအဝေးသာဖြစ်ပါတယ်။

ကျိုင်းကောင်အုပ်ကြီးဟာ လမ်းတစ်လျှောက် အနားယူဖျက်ဆီးမှုတွေ ပြုလုပ်နေတဲ့အတွက် မြန်မာနိုင်ငံဖက် ရောက်ခဲ့မယ်ဆိုရင် ဇူလိုင်လကုန်လောက်အထိ အချိန်ရဦးမှာဖြစ်ပါတယ်။

ဒါပေမယ့် လေလမ်းကြောင်း၊ မုန်တိုင်းအခြေအနေများပေါ်မူတည်ပြီး ဒီကျိုင်းကောင်အုပ်ဟာ မြန်မာနိုင်ငံကို ဘယ်အချိန် ရောက်လာမယ်ဆိုတာ သေချာတွက်ချက်လို့ မရသေးပါဘူး။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO က တောက်လျှောက်ထုတ်ပြန်နေတဲ့ ကျိုင်းကောင်အုပ်ကြီးရဲ့ ရွေ့လျားမှုသတင်းများကို မျက်ချေမပြတ် ကြည့်ရှုသွားရမှာဖြစ်သလို၊စိုက်ပျိုးရေးဌါနနဲ့ စိုက်ပျိုးရေးနဲ့ ဆက်စပ်ကုမ္ပဏီများကလည်း ဒီကျိုင်းကောင်များရဲ့ ဘေးဒဏ်ကို တတ်နိုင်သလောက် နည်းနိုင်သမျှနည်းအောင် ထိန်းသိမ်းနည်းတွေကို အများပြည်သူများကို ကြိုတင်အသိပေး နှိုးဆော်ထားသင့်နေပါပြီ။

၂၀၂၀ မိုးရာသီကာလ မိုးကြီးရေလျှံမှုများ၊ ကိုဗစ်-၁၉ ရောဂါကပ်အပြင် ဒီ သဲကန္တာရကျိုင်းကောင်ကပ် (၃) ခု ပေါင်းဆုံခဲ့ရင် အာဖရိက အရှေ့ပိုင်း (၉)နိုင်ငံလိုပဲ သန်းပေါင်းများစွာသော လူများ အငတ်ဘေးဒဏ်ခံရမှာကို အထူးသတိပြုသင့်ပါတယ်။

ကိုးကား –

Zawgyi

ပ်ံသန္း ရာလမ္းတေလွ်ာက္ ရွိ စိုက္ခင္းမ်ား ကို ဖ်က္ဆီး ခဲ႔ေသာ က်ိဳင္းေကာင္ အုပ္ၾကီး ျမန္မာႏွင့္ တျဖည္းျဖည္း နီးကပ္လာ

သန္းေပါင္းမ်ားစြာေသာ သဲကႏၲာရ က်ိဳင္းေကာင္ေတြဟာ ၂၈၊ ၀၆၊၂၀၂၀ ေန႔မွာ အိႏၵိယၿမိဳ့ေတာ္ နယူးေဒလီအထိ ေရာက္လာၿပီျဖစ္ေၾကာင္းသိရပါတယ္။

ဒီ သဲကႏၲာရက်ိဳင္းေကာင္ကပ္ဟာ ၂၀၂၀ ဇန္နဝါရီလမွာ အာဖရိကတိုက္ အေရွ႕ပိုင္းနိုင္ငံေတြက စတင္ခဲ့ၿပီး အေရွ႕ဖက္ကို ေရြ႕လ်ား ျပန႔္ႏွံ့ေနပါတယ္။

အေကာင္ေရ သန္းေပါင္းမ်ားစြာပါဝင္ၿပီး (၇) ကီလိုမီတာေလာက္ အထိ ႀကီးမားကာ တစ္နာရီ (၁၉)ကီလိုမီတာႏွုန္းအထိ ပ်ံသန္းနိုင္လို့ တစ္ရက္ကို ကီလိုမီတာ (၁၅၀)ကေန (၂၀၀) ေလာက္ကို ေရြ႕လ်ားနိုင္ပါတယ္။ (သဲကႏၲာရက်ိဳင္းေကာင္ တစ္အုပ္ဟာ အေကာင္ေရ သန္း (၈၀) အထိ ပါဝင္နိုင္ပါတယ္)

သူတို့ရဲ့ ႀကီးမားတဲ့ အဖ်က္စြမ္းအားေၾကာင့္ အာဖရိကအေရွ႕ပိုင္း (၉) နိုင္ငံမွာ သန္းေပါင္းမ်ားစြာေသာ လူမ်ား အငတ္ေဘးနဲ႔ ၾကဳံေတြ႕ေနရၿပီလို့သိရပါတယ္။

၂၀၂၀ ဇြန္လမွာ ေရာက္ရွိလာတဲ့ ဒီက်ိဳင္းေကာင္မ်ားေၾကာင့္ ပါကစၥတန္နိုင္ငံမွာလည္း သီးႏွံမ်ား ပ်က္စီးဆုံးရွုံးၿပီး အေရးေပၚအေျခအေန ေၾကျငာထားကာ နိုင္ငံတကာ အကူအညီမ်ားကို ေတာင္းခံေနရပါၿပီ။

က်ိဳင္းေကာင္အုပ္ႀကီး စားေသာက္ဖ်က္ဆီးၿပီး အေရွ႕ဖက္ကို ဆက္လက္ ေရြ႕လ်ားေနေပမယ့္ ပိုမိုထိန္းသိမ္းရခက္တဲ့ ျပႆနာကေတာ့ လမ္းတစ္ေလၽွာက္ ဥမ်ားကို ဥထားခဲ့ျခင္းေၾကာင့္ ထပ္မံ အသစ္ေပါက္ပြားလာတဲ့ က်ိဳင္းေကာင္သစ္ေတြက ဆက္လက္ ဖ်က္ဆီးမွုကို ျပဳလုပ္နိုင္ျခင္းပါပဲ။

က်ိဳင္းေကာင္ေတြဟာ ဇြန္-စက္တင္ဘာ ကာလအတြင္း အဓိက စိုက္ပ်ိဳးေရးျပဳလုပ္ၾကမယ့္ နိုင္ငံမ်ားေတာက္ေလၽွာက္ကို ပ်ံသန္းဖ်က္ဆီးနိုင္တဲ့အတြက္ ျမန္မာနိုင္ငံအပါအဝင္ ထိုင္း၊ ကေမၻာဒီးယား၊ ဗီယက္နမ္နိုင္ငံေတြဟာ စိုးရိမ္ရတဲ့ စာရင္းထဲမွာ ပါေနပါတယ္။

ဗီယက္နမ္နိုင္ငံ စိုက္ပ်ိဳးေရးဌါနက သဲကႏၲာရက်ိဳင္းေကာင္ကပ္အတြက္ ႀကိဳတင္ တပ္လွန႔္ ျပင္ဆင္မွုေတြ ျပဳလုပ္ေနၿပီလို့ သိရပါတယ္။

ျမန္မာနိုင္ငံမွာလည္း စိုက္ပ်ိဳးေရးဌါနအတြင္း ပညာေပး အသိေပးမွုေတြ ျပဳလုပ္ေနၿပီျဖစ္ပါတယ္။

ယခု က်ိဳင္းေကာင္မ်ားေရာက္ရွိေနၿပီျဖစ္တဲ့ နယူးေဒလီၿမိဳ့ဟာ ျမန္မာနိုင္ငံ အေနာက္ဖက္ အိႏၵိယနယ္စပ္ ပလက္ဝၿမိဳ့နဲ႔ဆိုရင္ ကီလိုမီတာေပါင္း (၁၈၀၀) နီးပါးပဲ ကြာေဝးပါတယ္။

တစ္ရက္ကို ကီလိုမီတာ (၁၅၀) အထိ ပ်ံသန္းနိုင္တဲ့ က်ိဳင္းေကာင္အုပ္ဟာ ေတာက္ေလၽွာက္သာ ပ်ံမယ္ဆိုရင္ (၁၂) ရက္တာ အကြာအေဝးသာျဖစ္ပါတယ္။

က်ိဳင္းေကာင္အုပ္ႀကီးဟာ လမ္းတစ္ေလၽွာက္ အနားယူဖ်က္ဆီးမွုေတြ ျပဳလုပ္ေနတဲ့အတြက္ ျမန္မာနိုင္ငံဖက္ ေရာက္ခဲ့မယ္ဆိုရင္ ဇူလိုင္လကုန္ေလာက္အထိ အခ်ိန္ရဦးမွာျဖစ္ပါတယ္။

ဒါေပမယ့္ ေလလမ္းေၾကာင္း၊ မုန္တိုင္းအေျခအေနမ်ားေပၚမူတည္ၿပီး ဒီက်ိဳင္းေကာင္အုပ္ဟာ ျမန္မာနိုင္ငံကို ဘယ္အခ်ိန္ ေရာက္လာမယ္ဆိုတာ ေသခ်ာတြက္ခ်က္လို့ မရေသးပါဘူး။

ကမၻာ့စားနပ္ရိကၡာအဖြဲ႕ FAO က ေတာက္ေလၽွာက္ထုတ္ျပန္ေနတဲ့ က်ိဳင္းေကာင္အုပ္ႀကီးရဲ့ ေရြ႕လ်ားမွုသတင္းမ်ားကို မ်က္ေခ်မျပတ္ ၾကည့္ရွုသြားရမွာျဖစ္သလို၊စိုက္ပ်ိဳးေရးဌါနနဲ႔ စိုက္ပ်ိဳးေရးနဲ႔ ဆက္စပ္ကုမၸဏီမ်ားကလည္း ဒီက်ိဳင္းေကာင္မ်ားရဲ့ ေဘးဒဏ္ကို တတ္နိုင္သေလာက္ နည္းနိုင္သမၽွနည္းေအာင္ ထိန္းသိမ္းနည္းေတြကို အမ်ားျပည္သူမ်ားကို ႀကိဳတင္အသိေပး ႏွိုးေဆာ္ထားသင့္ေနပါၿပီ။

၂၀၂၀ မိုးရာသီကာလ မိုးႀကီးေရလၽွံမွုမ်ား၊ ကိုဗစ္-၁၉ ေရာဂါကပ္အျပင္ ဒီ သဲကႏၲာရက်ိဳင္းေကာင္ကပ္ (၃) ခု ေပါင္းဆုံခဲ့ရင္ အာဖရိက အေရွ႕ပိုင္း (၉)နိုင္ငံလိုပဲ သန္းေပါင္းမ်ားစြာေသာ လူမ်ား အငတ္ေဘးဒဏ္ခံရမွာကို အထူးသတိျပဳသင့္ပါတယ္။

ကိုးကား –

About the author

Aung Lay

Leave a Comment