Cele News

ဂဠုန်ဦးစော အဖြစ် သရုပ်ဆောင်ရန် ပထမအဆင့် ရွေးချယ်ခံလိုက်ရတဲ့ ဆုပန်ထွာရဲ့ ခင်ပွန်း ဥက္ကာကျော်

Written by Aung Lay

ပရိသတ်ကြီးရေ လတ်တလောမှာ မြန်မာနိုင်ငံရဲ့ အာဇာနည်ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုရိုက်ကူးမယ့် “အောင်ဆန်းရုပ်ရှင်” အတွက် လိုအပ်နေတဲ့ “ဂဠုန်ဦးစော” ဇာတ်ကောင်အဖြစ် ဂဠုန်ဦးစော နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် လူရွေးချယ်ဖို့ နေတာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။

ဂဠုန်ဦးစောနေရာအတွက် ဆုပန်ထွာရဲ့ ခင်ပွန်း ကိုဥက္ကာကျော်ကို ပထမအဆင့် ရွေးချယ်လိုက်တဲ့အကြောင်းကို အောင်ဆန်းရုပ်ရှင် တရားဝင် စာမျက်နှာမှ အခုလို ထုတ်ပြန်လိုက်ပါတယ်ရှင်။ ” ဂဠုန်ဦးစောအဖြစ် သရုပ်ဆောင်ရန် ရွေးချယ်ခြင်း “အောင်ဆန်း” ရုပ်ရှင်တွင် ဂဠုန်ဦးစောအဖြစ် ပါဝင်သရုပ်ဆောင်ရန် ၂၀၂၀ ခုနှစ် ဇွန်လ (၅) ရက်နေ့တွင် ကြေငြာခေါ်ယူခဲ့ရာ Message Box မှသော်လည်းကောင်း၊ စာတိုက်မှသော်လည်းကောင်း လာရောက်လျှောက်ထားသော လျှောက်လွှာပေါင်း (၂၉) စောင်ကို လက်ခံရရှိခဲ့ပါသည်။

ထိုလျှောက်ထားသူများထဲမှ အသက်အရွယ်၊ အရပ်အမောင်း၊ ရုပ်ရည်ဆင်တူမှု စသည်တို့အပေါ်မူတည်၍ Casting Director ဒါရိုက်တာ ပန်းချီစိုးမိုးနှင့် ဒါရိုက်တာ လူမင်းတို့မှ စိစစ်ရွေးချယ်ခဲ့ရာ ကိုဥက္ကာကျော် တစ်ဦးတည်းကိုသာ ရွေးချယ်နိုင်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ ကိုဥက္ကာကျော် အား ပထမဆင့်အနေဖြင့် ဂုဏ်ယူစွာ ရွေးချယ်လိုက်ပါသည်။
ဒုတိယအဆင့်အနေဖြင့် လူတွေ့စစ်ဆေးခြင်း၊ သရုပ်ဆောင်မှုစစ်ဆေးခြင်း၊ Character Make-up Test ပြုလုပ်ခြင်းများကို မကြာမီရက်ပိုင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားစွာ လျှောက်ထားလာသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ “အောင်ဆန်း” ရုပ်ရှင် သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့ ” ဆိုပြီး ကြေညာခဲ့တာ ဖြစ်ပါတယ်။

Zawgyi

ပရိသတ္ႀကီးေရ လတ္တေလာမွာ ျမန္မာႏိုင္ငံရဲ႕ အာဇာနည္ဖခင္ႀကီးျဖစ္တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအေၾကာင္းကို႐ိုက္ကူးမယ့္ “ေအာင္ဆန္း႐ုပ္ရွင္” အတြက္ လိုအပ္ေနတဲ့ “ဂဠဳန္ဦးေစာ” ဇာတ္ေကာင္အျဖစ္ ဂဠဳန္ဦးေစာ ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔အတြက္ လူေ႐ြးခ်ယ္ဖို႔ ေနတာကို ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါေနာ္။

ဂဠဳန္ဦးေစာေနရာအတြက္ ဆုပန္ထြာရဲ႕ ခင္ပြန္း ကိုဥကၠာေက်ာ္ကို ပထမအဆင့္ ေ႐ြးခ်ယ္လိုက္တဲ့အေၾကာင္းကို ေအာင္ဆန္း႐ုပ္ရွင္ တရားဝင္ စာမ်က္ႏွာမွ အခုလို ထုတ္ျပန္လိုက္ပါတယ္ရွင္။ ” ဂဠဳန္ဦးေစာအျဖစ္ သ႐ုပ္ေဆာင္ရန္ ေ႐ြးခ်ယ္ျခင္း “ေအာင္ဆန္း” ႐ုပ္ရွင္တြင္ ဂဠဳန္ဦးေစာအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ရန္ ၂၀၂၀ ခုႏွစ္ ဇြန္လ (၅) ရက္ေန႔တြင္ ေၾကျငာေခၚယူခဲ့ရာ Message Box မွေသာ္လည္းေကာင္း၊ စာတိုက္မွေသာ္လည္းေကာင္း လာေရာက္ေလွ်ာက္ထားေသာ ေလွ်ာက္လႊာေပါင္း (၂၉) ေစာင္ကို လက္ခံရရွိခဲ့ပါသည္။

ထိုေလွ်ာက္ထားသူမ်ားထဲမွ အသက္အ႐ြယ္၊ အရပ္အေမာင္း၊ ႐ုပ္ရည္ဆင္တူမႈ စသည္တို႔အေပၚမူတည္၍ Casting Director ဒါ႐ိုက္တာ ပန္းခ်ီစိုးမိုးႏွင့္ ဒါ႐ိုက္တာ လူမင္းတို႔မွ စိစစ္ေ႐ြးခ်ယ္ခဲ့ရာ ကိုဥကၠာေက်ာ္ တစ္ဦးတည္းကိုသာ ေ႐ြးခ်ယ္ႏိုင္ခဲ့ပါသည္။

သို႔ျဖစ္ပါ၍ ကိုဥကၠာေက်ာ္ အား ပထမဆင့္အေနျဖင့္ ဂုဏ္ယူစြာ ေ႐ြးခ်ယ္လိုက္ပါသည္။
ဒုတိယအဆင့္အေနျဖင့္ လူေတြ႕စစ္ေဆးျခင္း၊ သ႐ုပ္ေဆာင္မႈစစ္ေဆးျခင္း၊ Character Make-up Test ျပဳလုပ္ျခင္းမ်ားကို မၾကာမီရက္ပိုင္းတြင္ လုပ္ေဆာင္သြားမည္ျဖစ္ပါသည္။ စိတ္ပါဝင္စားစြာ ေလွ်ာက္ထားလာသူမ်ားအားလုံးကို အထူးေက်းဇူးတင္ရွိပါသည္။ “ေအာင္ဆန္း” ႐ုပ္ရွင္ သ႐ုပ္ေဆာင္ေ႐ြးခ်ယ္ေရးအဖြဲ႕ ” ဆိုၿပီး ေၾကညာခဲ့တာ ျဖစ္ပါတယ္။

About the author

Aung Lay

Leave a Comment