Cele News

ဖားကန့် မြေပြို ကျမှု ဖြစ် ရပ် ဟာ မြန်မာနိုင်ငံ အတွက် ဝမ်းနည်းစရာကောင်း တဲ့ ဖြစ်ရပ် တစ်ခု ပါ ၊ တရားမဝင် ကျောက်တူးနေတယ် ဆိုတာ တရားဝင် အလုပ်ရှာဖို့ ခက်ခဲနေတာ ကို ဖော်ပြနေတယ်ဟု အတိုင်ပင်ခံပြောပြီ

Written by Aung Lay

ဖားကန့် မြေပြို ကျမှု ဖြစ် ရပ် ဟာ မြန်မာနိုင်ငံ အတွက် ဝမ်းနည်းစရာကောင်း တဲ့ ဖြစ်ရပ် တစ်ခု ပါ ၊ တရားမဝင် ကျောက်တူးနေတယ် ဆိုတာ တရားဝင် အလုပ်ရှာဖို့ ခက်ခဲနေတာ ကို ဖော်ပြနေတယ်ဟု အတိုင်ပင်ခံပြောပြီ

ဖားကန့် ကိစ္စ ဟာ မြန်မာနိုင် ငံ အတွက် ဝမ်းနည်းစရာကောင်း တဲ့ ကိစ္စဖြစ်တယ် လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက် ပါတယ်။

ဒီနေ့ဇူလိုင်လ ( ၃ ) ရက်နေ့ အတိုင်ပင်ခံ နဲ့ ကိုဗစ် ကာလ ဆောက်လုပ်ရေးကဏ္ဍ နဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ အချိန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့တာ ဖြစ် ပါတယ်။

“ အားလုံးပဲ သိတဲ့ အတိုင်းပဲ ဝမ်းနည်းစွာနဲ့ ဖားကန့် ကိစ္စ ကို ကြားကြပြီးသား ဖြစ်မှာပါ။ ဖားကန့် ကိစ္စဟာ ကျမတို့ နိုင်ငံအတွက် ဝမ်းနည်းစရာ ကိစ္စ တစ်ခုဖြစ်တယ်။ တစ်ခုကလည်း ကျမတို့ အခြေခံပြည်သူတွေ ရဲ့ စားဝတ်နေရေး အခက်အခဲနဲ့ ပတ်သက်နေ တဲ့ ကိစ္စ တစ်ခုလည်း ဖြစ် တယ်။

ဖားကန့်ကိုသွားပြီး ကျောက်တူးတယ် ဆိုတာ တော်တော်များများက ဝမ်းစာအတွက် အသက်မွေးဝမ်းကျောင်း အတွက် သွားလုပ်တာ ဖြစ်တယ်။ ” လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ ဒါ့အပြင် တရားမဝင် သွားပြီး ကျောက်တူးနေတယ် ဆိုတာ ဟာ တရားဝင် အလုပ်ရှာဖို့ ခက်ခဲနေတဲ့ အခြေအနေ အတိုင်းအတာ တစ်ခုထိ ရှိနေတယ် ဆိုတာ ဖော်ပြနေတာဖြစ်တယ်လို့လည်း အတိုင်ပင်ခံက ပြော ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မနေ့က ဖားကန့်မြေပြိုမှု ကိစ္စအပေါ် တော်တော်လေး စိတ်မကောင်းဖြစ် ရတယ်လို့ ထုတ်ပြန်ခဲ့ ပါသေးတယ်။ ဇူလိုင်လ (၂) ရက်နေ့ မနက်ပိုင်းက ဖားကန့်မြေစာပုံ ပြိုကျမှု မှာတော့ မနေ့က ည (၁၂) နာရီအချိန်ထိ အလောင်း (၁၆၄) လောင်းရှာတွေ့ထားပြီး အသက်ရှင်တဲ့သူ (၃၃) ယောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကူညီပေးနေ တဲ့ သူတွေဆီက သိ ရပါ တယ်။

Zawgyi

ဖားကန႔္ ေျမၿပိဳ က်မႈ ျဖစ္ ရပ္ ဟာ ျမန္မာႏိုင္ငံ အတြက္ ဝမ္းနည္းစရာေကာင္း တဲ့ ျဖစ္ရပ္ တစ္ခု ပါ ၊ တရားမဝင္ ေက်ာက္တူးေနတယ္ ဆိုတာ တရားဝင္ အလုပ္ရွာဖို႔ ခက္ခဲေနတာ ကို ေဖာ္ျပေနတယ္ဟု အတိုင္ပင္ခံေျပာၿပီ

ဖားကန႔္ ကိစၥ ဟာ ျမန္မာႏိုင္ ငံ အတြက္ ဝမ္းနည္းစရာေကာင္း တဲ့ ကိစၥျဖစ္တယ္ လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာလိုက္ ပါတယ္။

ဒီေန႔ဇူလိုင္လ ( ၃ ) ရက္ေန႔ အတိုင္ပင္ခံ နဲ႔ ကိုဗစ္ ကာလ ေဆာက္လုပ္ေရးက႑ နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးတဲ့ အခ်ိန္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကား ခဲ့တာ ျဖစ္ ပါတယ္။

“ အားလုံးပဲ သိတဲ့ အတိုင္းပဲ ဝမ္းနည္းစြာနဲ႔ ဖားကန႔္ ကိစၥ ကို ၾကားၾကၿပီးသား ျဖစ္မွာပါ။ ဖားကန႔္ ကိစၥဟာ က်မတို႔ ႏိုင္ငံအတြက္ ဝမ္းနည္းစရာ ကိစၥ တစ္ခုျဖစ္တယ္။ တစ္ခုကလည္း က်မတို႔ အေျခခံျပည္သူေတြ ရဲ႕ စားဝတ္ေနေရး အခက္အခဲနဲ႔ ပတ္သက္ေန တဲ့ ကိစၥ တစ္ခုလည္း ျဖစ္ တယ္။

ဖားကန႔္ကိုသြားၿပီး ေက်ာက္တူးတယ္ ဆိုတာ ေတာ္ေတာ္မ်ားမ်ားက ဝမ္းစာအတြက္ အသက္ေမြးဝမ္းေက်ာင္း အတြက္ သြားလုပ္တာ ျဖစ္တယ္။ ” လို႔ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာပါတယ္။ ဒါ့အျပင္ တရားမဝင္ သြားၿပီး ေက်ာက္တူးေနတယ္ ဆိုတာ ဟာ တရားဝင္ အလုပ္ရွာဖို႔ ခက္ခဲေနတဲ့ အေျခအေန အတိုင္းအတာ တစ္ခုထိ ရွိေနတယ္ ဆိုတာ ေဖာ္ျပေနတာျဖစ္တယ္လို႔လည္း အတိုင္ပင္ခံက ေျပာ ပါတယ္။

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကလည္း မေန႔က ဖားကန႔္ေျမၿပိဳမႈ ကိစၥအေပၚ ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္ ရတယ္လို႔ ထုတ္ျပန္ခဲ့ ပါေသးတယ္။ ဇူလိုင္လ (၂) ရက္ေန႔ မနက္ပိုင္းက ဖားကန႔္ေျမစာပုံ ၿပိဳက်မႈ မွာေတာ့ မေန႔က ည (၁၂) နာရီအခ်ိန္ထိ အေလာင္း (၁၆၄) ေလာင္းရွာေတြ႕ထားၿပီး အသက္ရွင္တဲ့သူ (၃၃) ေယာက္ကိုေတာ့ ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ ကူညီေပးေန တဲ့ သူေတြဆီက သိ ရပါ တယ္။

About the author

Aung Lay

Leave a Comment