Cele News

သူဌေးသမီးကို ဖားနေတာကြောင့် အောင်မြင်လာတယ်ဆိုတဲ့ ကောလဟာလနဲ့ ပက်သက်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ ဒဲ့ရှင်းခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

Written by Aung Lay

ဇာတ်ပို့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ ကျရာဇာတ်ရုပ်မှာ ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင် ဇာတ်ကားများနဲ့ ဗီဒီယိုဇာတ်လမ်းများ အများအပြားကို ရိုက်ကူးခဲ့ရသူပါ။ လက်ရှိမှာတော့ ကပ်ရောဂါများကြောင့် အနုပညာလုပ်ငန်းများ ရပ်နားထားရတဲ့အခိုက်မှာတော့ online ကနေ Live လွှင့်ပြီး ဈေးရောင်းချခြင်းကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

online ကနေ ဈေးရောင်းတဲ့အခါမှာ အောင်မြင်မှုများ ရရှိလာတဲ့နောက်မှာတော့ အကောင့်တုများနဲ့ တိုက်ခိုက်ခံနေခဲ့ရတာ ဖြစ်ပါတယ်။ သူမကတော့ သူမကိုယ်တိုင် ဘယ်သူ့ကိုမှ မဖားပဲ ကိုယ်တိုင် ကြိုးစားခဲ့ရတဲ့အကြောင်းကို အခုလိုပဲ ဆိုရှယ်မီဒီယာကနေတစ်ဆင့် ရှင်းလင်းပြောပြခဲ့ပါတယ်။

နှိုင်ယှဉ်ပြောခဲ့တာကတော့ ” Live လွှင့်ရက်တွေ ကို 8လပိုင်းထိ လာယူနေကြသောအခါ😁😁😁 7လပိုင်းထိတော့အိမ်မှာ လွှင့်ခိုင်းတာရော ဆိုင်မှာလွှင့်ခိုင်းတာရော ရက်ကကုန်သလောက်ရှိပီ မြတ်မွန်ရတနာ ကဆို တပတ်တရက် 2လလောက်ဆက်တိုက်တဲ့🤔🤔🤔 အဲ့လို အလုပ်ဖစ်လို့ အကောင့်တုတွေနဲ့ Live ထဲတော့ လာမဟောင်နဲ့ကွယ်😁😁

ရင်လည်းမခုန် ဖင်လည်းမတုန်ဘူး😂😂😂ငါ့ပစည်း ဘယ်တော့လွှင့်ပေးမှာလည်းတို့ သူနဲ့အလုပ်လုပ်ရတာ အဆင်ပြေရဲ့လားတို့ သူဌေးသမီးမို့ ဖားနေတယ်တို့ 😂😂 ပစည်းလာအပ်ထားတယ်ဆိုရင်တောင် feel လာမှ လွှင့်ပေးမယ် မကျေနပ်ရင် လာပြန်ယူသွား ဒါ အခုလိုအချိန်မှ ပြောတာမဟုတ်ဘူးနော်စလုပ်ကတည်းကပြောခဲ့တာ ပစည်းအပ်တဲ့သူထဲမှာ ဂျူလိုင်းနှင်းဆိုတာတော့မကြားမိဖူးဘူး အကောင့်တုရေ😂😂

အလုပ်လုပ်ရတာ အဆင်ပြေလားမပြေလားဆိုတာသိပ်သိချင်နေလား အဆင်ပြေမပြေတော့မသိဘူး 7လတစ်လလုံးတော့ ရက်တွေကုန်ပီ Live လွှင့်ရမှာရော Short film ရိုက်ရမှာတွေရော😂 သူဌေးသမီးမို့ ဖားနေ‌တာ 😂😂 နင်နားလည်ဖို့က ဖားဖို့မပြောနဲ့ ငါ့ဖင်ယားနေတာတောင် ကုတ်ဖို့ လူတစ်ယောက်ဌားမလားလို့😂😂 အကုန်လုံး က အလုအယက် လွှင့်ပေးဖို့ တလေး‌တစား ခခယယတောင်းဆိုနေကြတာ

ငါက ကျွန်မကို အလုပ်အပ်ပါလို့ ဘယ်သူ့ကိုမှ လိုက်မပြောဘူး မအားဘူး😂😂 ကိုယ့်အိမ်က လွှင့်ပေးရမယ့် ဟာ‌တွေတောင် တောင်ပုံ ယာပုံ သဘောပေါက် လူတစ်ယောက်အောင်မြင်ပီဆို ဘယ်လိုရိုက်ချရမလည်း ဖျက်လိုဖျက်ဆီးလုပ်ရမလည်း တွေးနေတာပဲလားးးအဲဒါ အားယား‌နေလွန်းလို့တွေးနေတာ ဖစ်မယ်…” ဆိုကာ အောင်မြင်လာတာနဲ့ အမျှတိုက်ခိုက်မှုတွေ ကြုံနေရတဲ့အကြောင်းကို အခုလိုပဲ ရင်ဖွင့်ခဲ့ပါတယ်။

Zawgyi







About the author

Aung Lay

Leave a Comment