ၾကားသိရသမ်ွ

ကွယ်လွန်သွားသူ ရေမဆေးသမားလေး တက္ကသိုလ်ပထမနှစ်ကျောင်းသား မောင်လှိုင်မင်းဦး

Written by Aung Lay

ေက်ာင္း ဖြင့္ခ်ိန္က် ျပန္လာမယ္

အဘဦးညြန႔္ေသာင္ နံကပ္ တစ္ ထပ္တိုက္ အိမ္ကေလးဆီ ေျခတစ္ လွမ္းခ်င္း လွမ္းဝင္လာခဲ့ပါသည္။ ေစ့ထားေသာ တံခါးမႀကီးကို အသာအယာဖြင့္လိုက္သည္။ အိမ္ထဲတြင္ တစ္ဦးတစ္ေယာက္မၽွ ရွိ မေနပါ။ သည္အိမ္ကေလးသည္ သမီးႀကီးတို႔မိသားစု ေနာင္တစ္ ခ်ိန္ ရြာျပန္လာလၽွင္ မိသားစုအတူတကြ ေနထိုင္ၾကဖို႔ တည္ေဆာက္ ထားျခင္းျဖစ္သည္။ စုစုေပါင္း မိသားစုေလးေယာက္သာရွိေသာ သမီးႀကီးတို႔မိသားစုအဖို႔ ဤတိုက္ကေလးသည္ မက်ဥ္းလြန္းမက်ယ္ လြန္း အေနေတာ္ပင္။

အိမ္နံရံေပၚတြင္ေတာ့ ဤအိမ္ကေလးပိုင္ရွင္ မိသားစု၏အလႉလုပ္စဥ္က အမွတ္တရ ဓာတ္ပုံေတြ ေဘာင္သြင္းကာ တန္းစီခ်ိတ္ထားသည္။ အလႉ႔ဒါယိ ကာမႀကီးကေတာ့ ဦးညြန႔္ေသာင္၏ သမီးႀကီး မဗိုလ္မျဖစ္သည္။ေဘးမွာေတာ့ သူ႔အမ်ိဳးသားရယ္၊သူ႔သား၊ သူ႔သမီးရယ္ ျပဳံးလို႔ေပ်ာ္လို႔ ရႊင္လို႔ျမဴးလို႔။ သားႀကီးၾသရသ ျဖစ္သူ အဘဦးညြန႔္ေသာင္၏ ေျမး ႀကီး ေမာင္လွိုင္မင္းဦးဆိုလၽွင္သြား ၃၂ ေခ်ာင္းလုံးေပၚေအာင္ပင္ ရယ္ေနေလသည္။ ထိုအေပ်ာ္ေတြအေပ်ာ္ေတြ ယခင္က ျဖစ္ခဲ့ပါ သည္။ ယခုေတာ့ အရာအားလုံး ၿပီးဆုံးသြားခဲ့ေလၿပီ။

ဦးညြန႔္ေသာင္တို႔ မိသားစုက စစ္ကိုင္းတိုင္းေဒသႀကီး တန႔္ဆည္ၿမိဳ႕နယ္ ေျမာက္အင္းေက်း ရြာက ျဖစ္သည္။ သားသမီးခုနစ္ ေယာက္ရွိသည့္အနက္ ဒုတိယသမီး မဗိုလ္မက သူ႔ထက္ (၁၁) ႏွစ္ႀကီးသည့္ တစ္နယ္တည္းသား ႏွင့္ အိမ္ေထာင္က်ကာ သားသမီး ႏွစ္ေယာက္ထြန္းကားခဲ့ပါသည္။ သားႀကီးကေတာ့ ဤဇာတ္လမ္း၏ ဇာတ္လိုက္ ေမာင္လွိုင္မင္းဦး ပင္။ အိမ္ကေတာ့ ကိုမင္းဟု ေခၚၾကသည္။

ကိုမင္းေလး ငါးတန္း၊ အငယ္မေလး ႏွစ္တန္းေလာက္အ ေရာက္မွာ သမီးႀကီးတို႔လင္မယား လုပ္ငန္းကိုင္ငန္း အဆင္မေၿပ ေတာ့၍ ဖားကန႔္သြားၿပီး အလုပ္လုပ္ခဲ့ၾကသည္။ သူတို႔သားသမီးႏွစ္ေယာက္က အဘဦးညြန႔္ ေသာင္တို႔ႏွင့္ က်န္ခဲ့သည္။ ေျမးႀကီး ကိုမင္းက အရြယ္ႏွင့္မလိုက္ေအာင္ သိတတ္လိမၼာသူေလးျဖစ္ သည္။ အဘိုးႏွင့္ အဘြားကိုလည္း အင္မတန္ခ်စ္သည္။ သူ႔အေမႀကီးကို အေမဟုသာေခၚသည္။ ငယ္ငယ္ကတည္းက အေမႀကီး နို႔ပိန္ကို စရင္းေနာက္ရင္း လာလာစို႔ သည့္ ေျမးႀကီးျဖစ္သည္။

အေဖအေမက တစ္နယ္မွာ သက္စြန႔္ဆံဖ်ား ေငြရွာေနရခ်ိန္ ေျမးႏွစ္ေယာက္လုံး စာႀကိဳးစား ၾက၊ လိမၼာၾကပါသည္။ ကိုမင္းေလးကဆိုလၽွင္ အိမ္အလုပ္ကို လည္း မညည္းမညဴကူလုပ္သည္။ ထင္းခြဲသည္။ ခ်ိဳးေရသုံးေရ မျပတ္ျပည့္ေအာင္ခပ္သည္။ အဘကက်န္းမာေရးမေကာင္း၍ ေဆး႐ုံတက္ရလၽွင္လည္း လူငယ္ေပသိသူပဲဒိုင္ခံေစာင့္သည္။ အဘသက္သာရဲ့လား၊ ေညာင္းေနလားဆိုၿပီး မေျပာမဆို ႏွိပ္ေပးတတ္တာ လည္း ကိုမင္းျဖစ္သည္။ ေျမးႀကီးက ေဆးလိပ္တို႔၊ အရက္တို႔လည္း မေသာက္၊ ကြမ္းလည္းမစား၊ အေနကလည္း ေအးလြန္းလွ သည္။ အရပ္ငါးေပတစ္ဆယ္ႏွင့္ အသက္ (၁၉)ႏွစ္အရြယ္ လူရိုး ေလးျဖစ္သည္။

ေျမးႀကီးသည္ စာလည္းႀကိဳးစားပါသည္။ ဆရာဝန္ျဖစ္ခ်င္ ေၾကာင္းလည္း ေျပာဖူးသည္။ သို႔ေသာ္ ဘယ္လိုျဖစ္တယ္မသိ ဆယ္တန္းတြင္ ဆရာေတြက ဂုဏ္ထူး ေတြပင္မွန္းခဲ့ေသာ္လည္း ေအာင္စာရင္းထြက္ေတာ့ က်ရွာေလ သည္။ သို႔ေသာ္ သူဇြဲမေလၽွာ့၊ ေနာက္တစ္ႏွစ္ ဆက္ေျဖသည္။ ၂၀၁၉ မွာ ေျမးႀကီး ေအာင္ျမင္ ခဲ့ပါသည္။

ေအာင္စာရင္းမထြက္ခင္က တည္းက ေျမးႀကီးသည္ သူ႔မိဘေတြရွိရာ ဖားကန႔္သို႔ တစ္လွည့္သြားေနခဲ့ပါသည္။ ပထမအႀကိမ္ေျဖၿပီးေတာ့လည္း ဖားကန႔္တက္ အလုပ္လုပ္ေသးသည္။ အဘိုး အဘြားေတြကေတာ့မသိ။ ဆယ္တန္းကို ဒုတိယအႀကိမ္ ျပန္တက္ ရေတာ့ သူ႔လုပ္အားခေလးေတြ ရယ္၊ မိဘႏွင့္ အဘိုးအဘြားေတြ စိုက္ေပးတာေတြျဖင့္ ေဘာ္ဒါ တက္ခဲ့ပါသည္။ ဆယ္တန္းစရိတ္ သူ႔အားသူကိုးရွာခဲ့သူျဖစ္သည္။

ေအာင္စာရင္းထြက္ေတာ့ ျပန္လာခဲ့ၿပီး တကၠသိုလ္ေလၽွာက္ ဖို႔ျပင္သည္။ ေျမးႀကီးသည္ လူငယ္ သဘာဝမို႔ သူ႔သူငယ္ခ်င္းေတြလိုေန႔ေက်ာင္း (ေဒး)တက္ခ်င္ပုံရသည္။ သို႔ေသာ္ အဘိုးအဘြား ေရာ၊ သူ႔အေမတို႔ကိုေရာ ဖြင့္ မေျပာ။ မပူဆာ။ သူ႔မိဘေတြအလုပ္မျဖစ္တာ ၂ ႏွစ္ေလာက္ရွိ ၿပီဆိုတာကို သူသိသည္။ ရြာမွာနံကပ္ တစ္ထပ္တိုက္ေလး ေဆာက္တာေတာင္ ေငြမရွိလို႔ ရပ္ထားရ၍ အုတ္ေတြပင္ပုံထားရ သည္။ ေနာက္ဆုံးေတာ့ အေဝး သင္ပဲေလၽွာက္လိုက္ေလသည္။

အေဝးသင္ေလၽွာက္ၿပီး ေတာ့ မိဘေတြရွိသည့္ ဖားကန႔္ ကို ျပန္တက္သြားခဲ့သည္။ အဘတို႔ ေနာက္မွ သိရသည္က ေျမးႀကီး ေရမေဆးသမားေလးျဖစ္ေနၿပီတဲ့ ေလ။ တကၠသိုလ္ေက်ာင္းသား ႀကီးျဖစ္ေတာ့မွာမို႔ မိဘေတြ ရင္မေမာရေအာင္ ေက်ာင္းစရိတ္ရွာ ေနေၾကာင္း သိရေတာ့ စိတ္ထဲမေကာင္း။ ဖားကန႔္ ေရမေဆးသမားေတြက အသက္အႏၲရာယ္ မ်ားလွသျဖင့္ အေမႀကီးေရာ အဘပါ စိတ္ပူခဲ့ရသည္။ သို႔ေသာ္ မၾကာမၾကာ အဘိုးအဘြားေတြဆီ ဖုန္းဆက္ပါသည္။ ဟိုမွာက သူ႔မိဘေတြေရာ ဦးေလးေတြ၊ ညီအစ္ကိုေတြပါ ေဆြမ်ိဳးတစ္သိုက္ရွိ သျဖင့္ စိတ္ေအးခဲ့ရသည္။

ေျမးႀကီးအေဖက အသက္ပိုႀကီးသျဖင့္ အသက္ (၅၀) ေက်ာ္ၿပီ။ ေနာင္တစ္ခ်ိန္ သူ႔အေဖ၏တာဝန္ေတြ ပခုံးေျပာင္းတာဝန္ယူ ဖို႔ သူေတြးထားပုံရသည္။ သူ႔ အေဖ အသက္ႀကီးလာေသာေၾကာင့္ ဖားကန႔္မွာ သက္စြန႔္ဆံဖ်ား လုပ္ေစခ်င္ပုံမရ။ သို႔ေသာ္ မလုပ္လို႔ လည္း မရေသးသည္မို႔ သူကိုယ္တိုင္လိုက္ကူရင္း မိသားစုတာဝန္ဝင္ကူထမ္းေတာ့သည္။ မိသားစုမွာလည္း ေျမးႀကီး၏ ဝင္ေငြတိုးလာသျဖင့္ အသက္ရႉေခ်ာင္ခြင့္ရ ခဲ့ပါသည္။

ေျမးႀကီးက ပထမႏွစ္ စတက္ရေတာ့မည္ျဖစ္သျဖင့္ ေက်ာင္းတက္လၽွင္ အမ်ားနည္းတူဝတ္ခ်င္ စားခ်င္ေပလိမ့္မည္။ ထို႔အတြက္ မိဘကိုရသမၽွဝင္ေငြအပ္ရင္း စုလည္းစုခိုင္းထားပါ သည္။ ေဒးေက်ာင္းသားျဖစ္ခြင့္ မရေသာ္လည္း တက္ခြင့္ရသည့္အေဝးသင္ရက္ကေလးေတြမွာ လူငယ္သဘာဝ ေပ်ာ္ေပ်ာ္ပါးပါး တက္ခြင့္ရခ်င္ပုံရသည္။

ေျမးႀကီးတို႔ ညီအစ္ကိုဝမ္းကြဲ ေတြက မိုးရြာလၽွင္ လုပ္ကြက္ထဲ မဆင္းၾကပါ။ အႏၲရာယ္မ်ား၍ ျဖစ္ သည္။ သို႔ေသာ္ ထိုေန႔ကေတာ့ ရာသီဥတု မေကာင္းလွေသာ္ လည္း ေျမးႀကီးတို႔ လုပ္ကြက္ ထဲဆင္းခဲ့ၾကသည္။ ဦးေလးတစ္ေယာက္က ဝမ္းကိုက္ေန၍ မလိုက္ျဖစ္။ ေနာက္တစ္ေယာက္က လည္း ပဲအိုးျပဳတ္ထားတာ မႏူးေသး၍ ေနာက္မွလိုက္ခဲ့မယ္ဟု ေျပာသည္။ သူ႔အေဖကလည္း သိပ္က်န္းမာေရးေကာင္းပုံမရ။ သို႔ေသာ္ လိုက္လာသည္။ ေျမးႀကီး က ေျပာေသးသည္။ ‘‘ေစာေစာ သြားမွ ေနရာေကာင္းရမွာ’’တဲ့။ မနက္ ၆ နာရီမထိုးခင္ ထြက္ခဲ့ ၾကသည္။

လုပ္ကြက္ထဲလုပ္ေနရင္း အခ်ိန္အနည္းငယ္ၾကာေတာ့ ထမင္းထုပ္သြားယူဖို႔ျပင္သည္။ သူ႔အေဖက ေျမးႀကီးကို သြားယူခိုင္းသည္။ေျမးႀကီးက ‘‘အေဖသြားလိုက္ပါေတာ့။ သားလုပ္ထားလိုက္မယ္’’ဟု ေျပာသည္။ အေဖကို တတ္ နိုင္သမၽွ ရသေလာက္အခ်ိန္ေလး အႏၲရာယ္ကင္းေစလိုသည့္ ေျမး ႀကီးျဖစ္သည္။ သူ႔အေဖကလည္း သူ႔သားသေဘာအတိုင္း ထမင္း ထုပ္ယူရန္ ျပန္ထြက္ဖို႔ျပင္သည္။ပတ္လမ္းကသြားလၽွင္ ေဝး၍ ၾကာေသာေၾကာင့္ ျဖတ္လမ္းျဖစ္သည့္ အတက္ကို ျပန္တက္ကာ တစ္ဖက္ကို ဆင္းသြားသည္။ သူဆင္းၿပီး မၾကာခင္ ေျမစာပုံႀကီးသည္ တေဝါေဝါ ၿပိဳပါေလေတာ့သည္။ ေျမးႀကီးတို႔ ေရမေဆးသမား ေပါင္းမ်ားစြာ ေျမစာပုံေအာက္ ေရေအာက္ႏြံထဲ တဝုန္းဝုန္းနစ္ ျမဳပ္သြားခဲ့ေလေတာ့သည္။

အဘဦးညြန႔္ေသာင္မွာ သားေတြေရာ၊ သမက္ေတြေရာ၊ ေျမးေတြေရာရွိသျဖင့္ ပူလိုက္ရတာ မ်ား။ အေမႀကီးဆိုလၽွင္ မ်က္ရည္ႏွင့္မ်က္ခြက္။ ဖားကန႔္က ဖုန္းကိုပဲ ေမၽွာ္ေနရသည္။ အဘတို႔ရြာမွာ ဖားကန႔္သြားအလုပ္လုပ္ရင္း အသက္ေပးခဲ့ရသူေတြက ၁၀ ဦးေက်ာ္ခဲ့ၿပီ။ အရြယ္ေကာင္းေလး ေတြ။ ဇနီးေတြ၊ သားေတြ၊ သမီး ေတြထားခဲ့ရသူေတြ မနည္းေတာ့။လြန္ခဲ့သည့္ ၁၅ ရက္ေလာက္က ပင္ အဘ၏သား ဖားကန႔္မွာ အလုပ္လုပ္ေနသည့္ သားတစ္ ေယာက္ က်န္းမာေရးမေကာင္း၍ ကြယ္လြန္ခဲ့ၿပီးၿပီ။ ယခုတစ္ေခါက္ ဘယ္သူ႔ကိုမ်ား ဆုံးရႈံးရမွာပါ လိမ့္။

အပ်က္အစီးမရွိေစရန္ ဆု ေတာင္းခဲ့ၾကေသာ္လည္း ဆုေတာင္းမျပည့္ခဲ့။ အဘတို႔၊ အေမႀကီးတို႔၏ ခ်စ္လွစြာေသာ ေျမးႀကီးကိုမင္းတစ္ေယာက္ ပစ္လိုက္ရ ၿပီတဲ့။

အေမႀကီးခမ်ာ အိပ္ရာေပၚ ေခြေခြေလးသာ လွဲေနရေတာ့ သည္။ ေျမးႀကီးစကားေတြသာ နားထဲၾကားေနရသည္။ ‘‘အေမ သားအဆင္ေျပတာနဲ႔ ျပန္လာမွာ ေနာ္’’တဲ့။ တန္ခူးလတုန္းက ေတာင္ ျပန္လာေသးသည့္ ေျမးႀကီး ကိုမင္း။ ေလာ့ခ္ေဒါင္းေတြခ်ေတာ့မွာမို႔ ဖားကန႔္အျမန္ေျပး သြားရသည္။ ဖားကန႔္အလုပ္သြား လုပ္ရင္း စပါးသိမ္းခ်ိန္ နတ္ေတာ္၊ ျပာသိုဆို ျပန္ေရာက္လာသည္။ အဘပင္ပန္းမွာစိုးလို႔ လာကူတာ တဲ့။ ေျပာသြားေသးသည္။ ‘‘ဒီႏွစ္စပါးသိမ္းရင္လည္း ျပန္လာကူမွာစိတ္ခ်အဘ’’တဲ့။ ေက်ာင္းတက္ ရင္လည္း ျပန္လာမယ္တဲ့။ ခုေတာ့ ဘယ္ေတာ့မွ ျပန္မလာနိုင္ေတာ့ၿပီ။

သမီးႀကီးတို႔မိသားစု တစ္ ေခါက္တေလျပန္လာလၽွင္ ထိုတိုက္ပုကေလးထဲမွာ ရယ္ေမာသံေတြ ဆူညံေနေလ့ရွိပါသည္။ အေနတည္ေသာ တကၠသိုလ္ ေက်ာင္းသားေလာင္းႀကီး ေမာင္လွိုင္မင္းဦးပင္ ရယ္ေမာေနေလ့ရွိ သည္။ ထိုျမင္ကြင္းကို အိမ္တန္း လ်ားေလးထဲကေန အဘိုးအဘြား ႏွစ္ေယာက္ ထိုင္ၾကည့္ရင္း ၾကည္ႏူးမိခဲ့ၾကပါသည္။ ယခုေတာ့ ထိုအိမ္ကေလးမွာ တိတ္ဆိတ္ၿငိမ္ သက္ ေျခာက္ကပ္ေနခဲ့ၿပီ။ သမီးတို႔ျပန္လာလၽွင္လည္း ထိုအိမ္ကေလးမွာ ရယ္ေမာသံေတြ ၾကား ရဖို႔မလြယ္ေတာ့။ နံရံေပၚက ဗီနိုင္းေပၚမွာေတာ့ ေျမးႀကီးက ေမာင္ရွင္ေလာင္းဝတ္စုံႀကီးျဖင့္ ရယ္လို႔ ေမာလို႔ ရႊင္လို႔ျပဳံးလို႔။

7day

Unicode

ကျောင်း ဖွင့်ချိန်ကျ ပြန်လာမယ်

အဘဦးညွန့်သောင် နံကပ် တစ် ထပ်တိုက် အိမ်ကလေးဆီ ခြေတစ် လှမ်းချင်း လှမ်းဝင်လာခဲ့ပါသည်။ စေ့ထားသော တံခါးမကြီးကို အသာအယာဖွင့်လိုက်သည်။ အိမ်ထဲတွင် တစ်ဦးတစ်ယောက်မျှ ရှိ မနေပါ။ သည်အိမ်ကလေးသည် သမီးကြီးတို့မိသားစု နောင်တစ် ချိန် ရွာပြန်လာလျှင် မိသားစုအတူတကွ နေထိုင်ကြဖို့ တည်ဆောက် ထားခြင်းဖြစ်သည်။ စုစုပေါင်း မိသားစုလေးယောက်သာရှိသော သမီးကြီးတို့မိသားစုအဖို့ ဤတိုက်ကလေးသည် မကျဉ်းလွန်းမကျယ် လွန်း အနေတော်ပင်။

အိမ်နံရံပေါ်တွင်တော့ ဤအိမ်ကလေးပိုင်ရှင် မိသားစု၏အလှူလုပ်စဉ်က အမှတ်တရ ဓာတ်ပုံတွေ ဘောင်သွင်းကာ တန်းစီချိတ်ထားသည်။ အလှူ့ဒါယိ ကာမကြီးကတော့ ဦးညွန့်သောင်၏ သမီးကြီး မဗိုလ်မဖြစ်သည်။ဘေးမှာတော့ သူ့အမျိုးသားရယ်၊သူ့သား၊ သူ့သမီးရယ် ပြုံးလို့ပျော်လို့ ရွှင်လို့မြူးလို့။ သားကြီးသြရသ ဖြစ်သူ အဘဦးညွန့်သောင်၏ မြေး ကြီး မောင်လှိုင်မင်းဦးဆိုလျှင်သွား ၃၂ ချောင်းလုံးပေါ်အောင်ပင် ရယ်နေလေသည်။ ထိုအပျော်တွေအပျော်တွေ ယခင်က ဖြစ်ခဲ့ပါ သည်။ ယခုတော့ အရာအားလုံး ပြီးဆုံးသွားခဲ့လေပြီ။

ဦးညွန့်သောင်တို့ မိသားစုက စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် မြောက်အင်းကျေး ရွာက ဖြစ်သည်။ သားသမီးခုနစ် ယောက်ရှိသည့်အနက် ဒုတိယသမီး မဗိုလ်မက သူ့ထက် (၁၁) နှစ်ကြီးသည့် တစ်နယ်တည်းသား နှင့် အိမ်ထောင်ကျကာ သားသမီး နှစ်ယောက်ထွန်းကားခဲ့ပါသည်။ သားကြီးကတော့ ဤဇာတ်လမ်း၏ ဇာတ်လိုက် မောင်လှိုင်မင်းဦး ပင်။ အိမ်ကတော့ ကိုမင်းဟု ခေါ်ကြသည်။

ကိုမင်းလေး ငါးတန်း၊ အငယ်မလေး နှစ်တန်းလောက်အ ရောက်မှာ သမီးကြီးတို့လင်မယား လုပ်ငန်းကိုင်ငန်း အဆင်မပြေ တော့၍ ဖားကန့်သွားပြီး အလုပ်လုပ်ခဲ့ကြသည်။ သူတို့သားသမီးနှစ်ယောက်က အဘဦးညွန့် သောင်တို့နှင့် ကျန်ခဲ့သည်။ မြေးကြီး ကိုမင်းက အရွယ်နှင့်မလိုက်အောင် သိတတ်လိမ္မာသူလေးဖြစ် သည်။ အဘိုးနှင့် အဘွားကိုလည်း အင်မတန်ချစ်သည်။ သူ့အမေကြီးကို အမေဟုသာခေါ်သည်။ ငယ်ငယ်ကတည်းက အမေကြီး နို့ပိန်ကို စရင်းနောက်ရင်း လာလာစို့ သည့် မြေးကြီးဖြစ်သည်။

အဖေအမေက တစ်နယ်မှာ သက်စွန့်ဆံဖျား ငွေရှာနေရချိန် မြေးနှစ်ယောက်လုံး စာကြိုးစား ကြ၊ လိမ္မာကြပါသည်။ ကိုမင်းလေးကဆိုလျှင် အိမ်အလုပ်ကို လည်း မညည်းမညူကူလုပ်သည်။ ထင်းခွဲသည်။ ချိုးရေသုံးရေ မပြတ်ပြည့်အောင်ခပ်သည်။ အဘကကျန်းမာရေးမကောင်း၍ ဆေးရုံတက်ရလျှင်လည်း လူငယ်ပေသိသူပဲဒိုင်ခံစောင့်သည်။ အဘသက်သာရဲ့လား၊ ညောင်းနေလားဆိုပြီး မပြောမဆို နှိပ်ပေးတတ်တာ လည်း ကိုမင်းဖြစ်သည်။ မြေးကြီးက ဆေးလိပ်တို့၊ အရက်တို့လည်း မသောက်၊ ကွမ်းလည်းမစား၊ အနေကလည်း အေးလွန်းလှ သည်။ အရပ်ငါးပေတစ်ဆယ်နှင့် အသက် (၁၉)နှစ်အရွယ် လူရိုး လေးဖြစ်သည်။

မြေးကြီးသည် စာလည်းကြိုးစားပါသည်။ ဆရာဝန်ဖြစ်ချင် ကြောင်းလည်း ပြောဖူးသည်။ သို့သော် ဘယ်လိုဖြစ်တယ်မသိ ဆယ်တန်းတွင် ဆရာတွေက ဂုဏ်ထူး တွေပင်မှန်းခဲ့သော်လည်း အောင်စာရင်းထွက်တော့ ကျရှာလေ သည်။ သို့သော် သူဇွဲမလျှော့၊ နောက်တစ်နှစ် ဆက်ဖြေသည်။ ၂၀၁၉ မှာ မြေးကြီး အောင်မြင် ခဲ့ပါသည်။

အောင်စာရင်းမထွက်ခင်က တည်းက မြေးကြီးသည် သူ့မိဘတွေရှိရာ ဖားကန့်သို့ တစ်လှည့်သွားနေခဲ့ပါသည်။ ပထမအကြိမ်ဖြေပြီးတော့လည်း ဖားကန့်တက် အလုပ်လုပ်သေးသည်။ အဘိုး အဘွားတွေကတော့မသိ။ ဆယ်တန်းကို ဒုတိယအကြိမ် ပြန်တက် ရတော့ သူ့လုပ်အားခလေးတွေ ရယ်၊ မိဘနှင့် အဘိုးအဘွားတွေ စိုက်ပေးတာတွေဖြင့် ဘော်ဒါ တက်ခဲ့ပါသည်။ ဆယ်တန်းစရိတ် သူ့အားသူကိုးရှာခဲ့သူဖြစ်သည်။

အောင်စာရင်းထွက်တော့ ပြန်လာခဲ့ပြီး တက္ကသိုလ်လျှောက် ဖို့ပြင်သည်။ မြေးကြီးသည် လူငယ် သဘာဝမို့ သူ့သူငယ်ချင်းတွေလိုနေ့ကျောင်း (ဒေး)တက်ချင်ပုံရသည်။ သို့သော် အဘိုးအဘွား ရော၊ သူ့အမေတို့ကိုရော ဖွင့် မပြော။ မပူဆာ။ သူ့မိဘတွေအလုပ်မဖြစ်တာ ၂ နှစ်လောက်ရှိ ပြီဆိုတာကို သူသိသည်။ ရွာမှာနံကပ် တစ်ထပ်တိုက်လေး ဆောက်တာတောင် ငွေမရှိလို့ ရပ်ထားရ၍ အုတ်တွေပင်ပုံထားရ သည်။ နောက်ဆုံးတော့ အဝေး သင်ပဲလျှောက်လိုက်လေသည်။

အဝေးသင်လျှောက်ပြီး တော့ မိဘတွေရှိသည့် ဖားကန့် ကို ပြန်တက်သွားခဲ့သည်။ အဘတို့ နောက်မှ သိရသည်က မြေးကြီး ရေမဆေးသမားလေးဖြစ်နေပြီတဲ့ လေ။ တက္ကသိုလ်ကျောင်းသား ကြီးဖြစ်တော့မှာမို့ မိဘတွေ ရင်မမောရအောင် ကျောင်းစရိတ်ရှာ နေကြောင်း သိရတော့ စိတ်ထဲမကောင်း။ ဖားကန့် ရေမဆေးသမားတွေက အသက်အန္တရာယ် များလှသဖြင့် အမေကြီးရော အဘပါ စိတ်ပူခဲ့ရသည်။ သို့သော် မကြာမကြာ အဘိုးအဘွားတွေဆီ ဖုန်းဆက်ပါသည်။ ဟိုမှာက သူ့မိဘတွေရော ဦးလေးတွေ၊ ညီအစ်ကိုတွေပါ ဆွေမျိုးတစ်သိုက်ရှိ သဖြင့် စိတ်အေးခဲ့ရသည်။

မြေးကြီးအဖေက အသက်ပိုကြီးသဖြင့် အသက် (၅၀) ကျော်ပြီ။ နောင်တစ်ချိန် သူ့အဖေ၏တာဝန်တွေ ပခုံးပြောင်းတာဝန်ယူ ဖို့ သူတွေးထားပုံရသည်။ သူ့ အဖေ အသက်ကြီးလာသောကြောင့် ဖားကန့်မှာ သက်စွန့်ဆံဖျား လုပ်စေချင်ပုံမရ။ သို့သော် မလုပ်လို့ လည်း မရသေးသည်မို့ သူကိုယ်တိုင်လိုက်ကူရင်း မိသားစုတာဝန်ဝင်ကူထမ်းတော့သည်။ မိသားစုမှာလည်း မြေးကြီး၏ ဝင်ငွေတိုးလာသဖြင့် အသက်ရှူချောင်ခွင့်ရ ခဲ့ပါသည်။

မြေးကြီးက ပထမနှစ် စတက်ရတော့မည်ဖြစ်သဖြင့် ကျောင်းတက်လျှင် အများနည်းတူဝတ်ချင် စားချင်ပေလိမ့်မည်။ ထို့အတွက် မိဘကိုရသမျှဝင်ငွေအပ်ရင်း စုလည်းစုခိုင်းထားပါ သည်။ ဒေးကျောင်းသားဖြစ်ခွင့် မရသော်လည်း တက်ခွင့်ရသည့်အဝေးသင်ရက်ကလေးတွေမှာ လူငယ်သဘာဝ ပျော်ပျော်ပါးပါး တက်ခွင့်ရချင်ပုံရသည်။

မြေးကြီးတို့ ညီအစ်ကိုဝမ်းကွဲ တွေက မိုးရွာလျှင် လုပ်ကွက်ထဲ မဆင်းကြပါ။ အန္တရာယ်များ၍ ဖြစ် သည်။ သို့သော် ထိုနေ့ကတော့ ရာသီဥတု မကောင်းလှသော် လည်း မြေးကြီးတို့ လုပ်ကွက် ထဲဆင်းခဲ့ကြသည်။ ဦးလေးတစ်ယောက်က ဝမ်းကိုက်နေ၍ မလိုက်ဖြစ်။ နောက်တစ်ယောက်က လည်း ပဲအိုးပြုတ်ထားတာ မနူးသေး၍ နောက်မှလိုက်ခဲ့မယ်ဟု ပြောသည်။ သူ့အဖေကလည်း သိပ်ကျန်းမာရေးကောင်းပုံမရ။ သို့သော် လိုက်လာသည်။ မြေးကြီး က ပြောသေးသည်။ ‘‘စောစော သွားမှ နေရာကောင်းရမှာ’’တဲ့။ မနက် ၆ နာရီမထိုးခင် ထွက်ခဲ့ ကြသည်။

လုပ်ကွက်ထဲလုပ်နေရင်း အချိန်အနည်းငယ်ကြာတော့ ထမင်းထုပ်သွားယူဖို့ပြင်သည်။ သူ့အဖေက မြေးကြီးကို သွားယူခိုင်းသည်။မြေးကြီးက ‘‘အဖေသွားလိုက်ပါတော့။ သားလုပ်ထားလိုက်မယ်’’ဟု ပြောသည်။ အဖေကို တတ် နိုင်သမျှ ရသလောက်အချိန်လေး အန္တရာယ်ကင်းစေလိုသည့် မြေး ကြီးဖြစ်သည်။ သူ့အဖေကလည်း သူ့သားသဘောအတိုင်း ထမင်း ထုပ်ယူရန် ပြန်ထွက်ဖို့ပြင်သည်။ပတ်လမ်းကသွားလျှင် ဝေး၍ ကြာသောကြောင့် ဖြတ်လမ်းဖြစ်သည့် အတက်ကို ပြန်တက်ကာ တစ်ဖက်ကို ဆင်းသွားသည်။ သူဆင်းပြီး မကြာခင် မြေစာပုံကြီးသည် တဝေါဝေါ ပြိုပါလေတော့သည်။ မြေးကြီးတို့ ရေမဆေးသမား ပေါင်းများစွာ မြေစာပုံအောက် ရေအောက်နွံထဲ တဝုန်းဝုန်းနစ် မြုပ်သွားခဲ့လေတော့သည်။

အဘဦးညွန့်သောင်မှာ သားတွေရော၊ သမက်တွေရော၊ မြေးတွေရောရှိသဖြင့် ပူလိုက်ရတာ များ။ အမေကြီးဆိုလျှင် မျက်ရည်နှင့်မျက်ခွက်။ ဖားကန့်က ဖုန်းကိုပဲ မျှော်နေရသည်။ အဘတို့ရွာမှာ ဖားကန့်သွားအလုပ်လုပ်ရင်း အသက်ပေးခဲ့ရသူတွေက ၁၀ ဦးကျော်ခဲ့ပြီ။ အရွယ်ကောင်းလေး တွေ။ ဇနီးတွေ၊ သားတွေ၊ သမီး တွေထားခဲ့ရသူတွေ မနည်းတော့။လွန်ခဲ့သည့် ၁၅ ရက်လောက်က ပင် အဘ၏သား ဖားကန့်မှာ အလုပ်လုပ်နေသည့် သားတစ် ယောက် ကျန်းမာရေးမကောင်း၍ ကွယ်လွန်ခဲ့ပြီးပြီ။ ယခုတစ်ခေါက် ဘယ်သူ့ကိုများ ဆုံးရှုံးရမှာပါ လိမ့်။

အပျက်အစီးမရှိစေရန် ဆု တောင်းခဲ့ကြသော်လည်း ဆုတောင်းမပြည့်ခဲ့။ အဘတို့၊ အမေကြီးတို့၏ ချစ်လှစွာသော မြေးကြီးကိုမင်းတစ်ယောက် ပစ်လိုက်ရ ပြီတဲ့။

အမေကြီးခမျာ အိပ်ရာပေါ် ခွေခွေလေးသာ လှဲနေရတော့ သည်။ မြေးကြီးစကားတွေသာ နားထဲကြားနေရသည်။ ‘‘အမေ သားအဆင်ပြေတာနဲ့ ပြန်လာမှာ နော်’’တဲ့။ တန်ခူးလတုန်းက တောင် ပြန်လာသေးသည့် မြေးကြီး ကိုမင်း။ လော့ခ်ဒေါင်းတွေချတော့မှာမို့ ဖားကန့်အမြန်ပြေး သွားရသည်။ ဖားကန့်အလုပ်သွား လုပ်ရင်း စပါးသိမ်းချိန် နတ်တော်၊ ပြာသိုဆို ပြန်ရောက်လာသည်။ အဘပင်ပန်းမှာစိုးလို့ လာကူတာ တဲ့။ ပြောသွားသေးသည်။ ‘‘ဒီနှစ်စပါးသိမ်းရင်လည်း ပြန်လာကူမှာစိတ်ချအဘ’’တဲ့။ ကျောင်းတက် ရင်လည်း ပြန်လာမယ်တဲ့။ ခုတော့ ဘယ်တော့မှ ပြန်မလာနိုင်တော့ပြီ။

သမီးကြီးတို့မိသားစု တစ် ခေါက်တလေပြန်လာလျှင် ထိုတိုက်ပုကလေးထဲမှာ ရယ်မောသံတွေ ဆူညံနေလေ့ရှိပါသည်။ အနေတည်သော တက္ကသိုလ် ကျောင်းသားလောင်းကြီး မောင်လှိုင်မင်းဦးပင် ရယ်မောနေလေ့ရှိ သည်။ ထိုမြင်ကွင်းကို အိမ်တန်း လျားလေးထဲကနေ အဘိုးအဘွား နှစ်ယောက် ထိုင်ကြည့်ရင်း ကြည်နူးမိခဲ့ကြပါသည်။ ယခုတော့ ထိုအိမ်ကလေးမှာ တိတ်ဆိတ်ငြိမ် သက် ခြောက်ကပ်နေခဲ့ပြီ။ သမီးတို့ပြန်လာလျှင်လည်း ထိုအိမ်ကလေးမှာ ရယ်မောသံတွေ ကြား ရဖို့မလွယ်တော့။ နံရံပေါ်က ဗီနိုင်းပေါ်မှာတော့ မြေးကြီးက မောင်ရှင်လောင်းဝတ်စုံကြီးဖြင့် ရယ်လို့ မောလို့ ရွှင်လို့ပြုံးလို့။

7day

About the author

Aung Lay

Leave a Comment