News

မိုးသည်း ထန်စွာ ရွာသွန်း မှုကြောင့် တောင်ကြီးမြို့ပေါ် မှာ လက် ရှိမြင်တွေ့ရတဲ့ အခြေအနေ

Written by Aung Lay

မိုးသည်း ထန်စွာ ရွာသွန်း မှုကြောင့် တောင်ကြီးမြို့ပေါ် မှာ လက် ရှိမြင်တွေ့ရတဲ့ အခြေအနေ

ရှ မ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့ မှာ ယနေ့ဇူလိုင်လ၃ရက်၊ ညနေပိုင်း အချိန်မှ စတင်ပြီး လက်ရှိအချိန်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ မြင်တွေနေရတဲ့ အခြေအနေတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တောင်ကြီးမြို့ပေါ်က ရပ်ကွက်တွေ အတွင်းရှိ လမ်းမတွေမှာ ရေကြီးရေလျှံတွေ ဖြစ်ပေါ်လျက်ရှိသလို အဆောက်အဦတွေနဲ့ နေအိမ်တွေ၊ ဈေးဆိုင်တွေ အတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပေါ်နေကြောင်း သိရပါတယ်။

တောင်ကြီးမြို့မှာ ရေမြောင်းတွေ ကျဉ်းမြောင်းပြီး အမှိုက်တွေ စည်းကမ်းမဲ့စွန့်ပစ်မှုတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် မိုးသည်းထန်စွာရွာသွန်းတဲ့အချိန်တိုင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတယ်လို့လည်း ဒေသခံပြည်သူတွေက ဝေဖန်ပြောဆို လျက်ရှိပါတယ်။

-သတင်းအပြည့်အစုံကို ထပ်မံ ဖော်ပြပေးသွားပါမှာပါ။

Source – ရွှေတြိဂံဒေသသတင်းလွှာ

 

Zawgyi







About the author

Aung Lay

Leave a Comment