Health

လက်သ န့်ဆေးရည် တချို့တွင် အဆိပ်အတော က် ဖြစ်နိုင် ဟု FDA သတိေ ပးပြီ

Written by Aung Lay

လက်သ န့်ဆေးရည် တချို့တွင် အဆိပ်အတော က် ဖြစ်နိုင် ဟု FDA သတိေ ပးပြီ

လက် သန့်ဆေးရည်တချို့ထဲမှာ အဆိပ်အတောက်တွေ ပါဝင်နိုင်ခြေရှိတယ်လို့ အစားအစာ နဲ့ ဆေးဝါးစီမံကွပ်ကဲရေး (FDA) က သတိပေးလိုက်ပါတယ်။

လက်သန့်ဆေးရည် ထုတ်ကုန်တချို့ထဲမှာ အရေပြားကတဆင့် စုပ်ယူပြီး အဆိပ်သင့်စေနိုင်သလို၊ ခန္ဓာကိုယ်ထဲရောက်သွားရင် အသက်အန္တရာယ်ရှိနိုင်တဲ့ မီသနောအဆိပ်တွေ ပါဝင်နေနိုင်တယ်လို့ (FDA) က ပြောပါတယ်။ မီသနော ထိတွေ့မိရင် ခေါင်းကိုက်တာ ၊ မူးဝေတာ ၊ အော့အန်တာ၊ သတိမေ့တာ ၊ မေ့မြောတာ နဲ့ လေဖြတ်တာတွေ အပါအဝင် အပြင်းစားလက္ခဏာတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

ESKIBIOCHEM ကုမ္ပဏီထုတ် မီသနောပါတဲ့ လက်သန့်ဆေးရည်တွေကို ပြန်သိမ်းထားပြီဖြစ်ပေမယ့်လည်း ထုတ်ကုန်တချို့ကတော့ စတိုးဆိုင်တွေမှာ ရှိနေနိုင်သေးတယ်လို့လည်း FDA က ထပ်မံ သတိပေးထားပါတယ်။လက်ဆေးဖို့ ဆပ်ပြာနဲ့ ရေကို မရနိုင်သေးတဲ့အခြေအနေမျိုးမှာ အရက်ပြန်တွေနဲ့လုပ်ထားတဲ့ လက်သုတ်ဆေးတချို့ကို သုံးဖို့ FDA က အကြံပြုထားပါတယ်။

Credit OnesNewsMyanmar
Source – CNN

Zawgyi





Source – CNN

About the author

Aung Lay

Leave a Comment