News

အရေးေ ပါ်သတိပေး ချက် မြန်မာနိုင်ငံအတွင်း သို့ ကန္တာရကျိုင်းကောင် ဝင်ေ ရာက်နိုင် သည့် ဒေသများ

Written by Aung Lay

အရေးပေါ် သတိပေးချက် မြန်မာနိုင်ငံအတွင်း သို့ ကန္တာရကျိုင်းကောင် ဝင်ရောက်နိုင်သည့် ဒေသများ

မြန်မာနိုင်ငံရှိ မြို့ပေါင်း ၁၃ ခုကို ကန္တာရ ကျိုင်းကောင်များဖြတ်သန်းဝင်ရောက်နိုင်သော စောင့်ကြည့်နေရာများအဖြစ် အရေး ပေါ်သတ်မှတ်ထား။

ကန္တာရကျိုင်းကောင် အကောင်ကြီးများ၏ အရွယ်အစားသည် အထီး (၄ – ၅) စင်တီ မီတာ၊အမ(၅ – ၆)စင်တီမီတာရှည်လျားပြီး အဝါရင့်ရောင် (သို့မဟုတ်) ပန်းရောင်ရှိ ကြောင်းနှင့် အတောင်ပေါ်တွင် အညိုရင့် ရောင် အပြောက်များ တွေ့ရှိရကြောင်းသိရ သည်။

အဆိုပါ ကန္တာရကျိုင်းကောင်များဖြတ်သန်း ညဝင်ရောက်နိုင်သော နေရာများမှာ စစ်ကိုင်း တိုင်းဒေသကြီး လေရှီး၊ဟုမ္မလင်း၊တမူးနှင့် ကချင်ပြည် နယ်တွင် ပူတာအို၊ မချမ်းဘော ဒေသဖြစ်ကာ

ရခိုင်ပြည်နယ်တွင် ဘူးသီး တောင်၊မောင်တော၊ရသေ့တောင်၊စစ်တွေ၊ကျောက်ဖြူ နှင့် ချင်းပြည်နယ်တွင် တွန်းဇံ၊ထန်တလန်၊ပလက်၀ အစရှိသောနေရာ များကိုသတ်မှတ်ထားကြောင်းသိရသည်။

သန်းပေါင်းများစွာသော သဲကန္တာရ ကျိုင်းကောင်တွေဟာ ၂၈၊ ၀၆၊၂၀၂၀ နေ့မှာ အိန္ဒိယမြို့တော် နယူးဒေလီအထိ ရောက်လာပြီဖြစ်ကြောင်းသိရပါတယ်။

ဒီ သဲကန္တာရကျိုင်းကောင်ကပ်ဟာ ၂၀၂၀ ဇန်နဝါရီလမှာ အာဖရိကတိုက် အရှေ့ပိုင်းနိုင်ငံတွေက စတင်ခဲ့ပြီး အရှေ့ဖက်ကို ရွေ့လျား ပြန့်နှံ့နေပါတယ်။

အကောင်ရေ သန်းပေါင်းများစွာပါဝင်ပြီး (၇) ကီလိုမီတာလောက် အထိ ကြီးမားကာ တစ်နာရီ (၁၉)ကီလိုမီတာနှုန်းအထိ ပျံသန်းနိုင်လို့ တစ်ရက်ကို ကီလိုမီတာ (၁၅၀)ကနေ (၂၀၀) လောက်ကို ရွေ့လျားနိုင်ပါတယ်။

(သဲကန္တာရကျိုင်းကောင် တစ်အုပ်ဟာ အကောင်ရေ သန်း (၈၀) အထိ ပါဝင်နိုင်ပါတယ်)

သူတို့ရဲ့ ကြီးမားတဲ့ အဖျက်စွမ်းအားကြောင့် အာဖရိကအရှေ့ပိုင်း (၉) နိုင်ငံမှာ သန်းပေါင်းများစွာသော လူများ အငတ်ဘေးနဲ့ ကြုံတွေ့နေရပြီလို့သိရပါတယ်။

၂၀၂၀ ဇွန်လမှာ ရောက်ရှိလာတဲ့ ဒီကျိုင်းကောင်များကြောင့် ပါကစ္စတန်နိုင်ငံမှာလည်း သီးနှံများ ပျက်စီးဆုံးရှုံးပြီး အရေးပေါ်အခြေအနေ ကြေငြာထားကာ နိုင်ငံတကာ အကူအညီများကို တောင်းခံနေရပါပြီ။

ကျိုင်းကောင်အုပ်ကြီး စားသောက်ဖျက်ဆီးပြီး အရှေ့ဖက်ကို ဆက်လက် ရွေ့လျားနေပေမယ့် ပိုမိုထိန်းသိမ်းရခက်တဲ့ ပြဿနာကတော့ လမ်းတစ်လျှောက် ဥများကို ဥထားခဲ့ခြင်းကြောင့် ထပ်မံ အသစ်ပေါက်ပွားလာတဲ့ ကျိုင်းကောင်သစ်တွေက ဆက်လက် ဖျက်ဆီးမှုကို ပြုလုပ်နိုင်ခြင်းပါပဲ။

ကျိုင်းကောင်တွေဟာ ဇွန်-စက်တင်ဘာ ကာလအတွင်း အဓိက စိုက်ပျိုးရေးပြုလုပ်ကြမယ့် နိုင်ငံများတောက်လျှောက်ကို ပျံသန်းဖျက်ဆီးနိုင်တဲ့အတွက် မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတွေဟာ စိုးရိမ်ရတဲ့ စာရင်းထဲမှာ ပါနေပါတယ်။

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးဌါနက သဲကန္တာရကျိုင်းကောင်ကပ်အတွက် ကြိုတင် တပ်လှန့် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးရေးဌါနအတွင်း ပညာပေး အသိပေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်

လေးစားစွာဖြင့်ခရစ်ဒက် – LugyiNews

Zawgyi

အေရးေပၚ သတိေပးခ်က္ ျမန္မာႏိုင္ငံအတြင္း သို႕ ကႏၲာရက်ိဳင္းေကာင္ ၀င္ေရာက္ႏိုင္သည့္ ေဒသမ်ား

ျမန္မာႏိုင္ငံရွိ ၿမိဳ႕ေပါင္း ၁၃ ခုကို ကႏၲာရ က်ိဳင္းေကာင္မ်ားျဖတ္သန္း၀င္ေရာက္ႏိုင္ေသာ ေစာင့္ၾကည့္ေနရာမ်ားအျဖစ္ အေရး ေပၚသတ္မွတ္ထား။

ကႏၲာရက်ိဳင္းေကာင္ အေကာင္ႀကီးမ်ား၏ အ႐ြယ္အစားသည္ အထီး (၄ – ၅) စင္တီ မီတာ၊အမ(၅ – ၆)စင္တီမီတာရွည္လ်ားၿပီး အဝါရင့္ေရာင္ (သို႔မဟုတ္) ပန္းေရာင္ရွိ ေၾကာင္းႏွင့္ အေတာင္ေပၚတြင္ အညိဳရင့္ ေရာင္ အေျပာက္မ်ား ေတြ႕ရွိရေၾကာင္းသိရ သည္။

အဆိုပါ ကႏၲာရက်ိဳင္းေကာင္မ်ားျဖတ္သန္း ည၀င္ေရာက္ႏိုင္ေသာ ေနရာမ်ားမွာ စစ္ကိုင္း တိုင္းေဒသႀကီး ေလရွီး၊ဟုမၼလင္း၊တမူးႏွင့္ ကခ်င္ျပည္ နယ္တြင္ ပူတာအို၊ မခ်မ္းေဘာ ေဒသျဖစ္ကာ

ရခိုင္ျပည္နယ္တြင္ ဘူးသီး ေတာင္၊ေမာင္ေတာ၊ရေသ့ေတာင္၊စစ္ေတြ၊ေက်ာက္ျဖဴ ႏွင့္ ခ်င္းျပည္နယ္တြင္ တြန္းဇံ၊ထန္တလန္၊ပလက္၀ အစရွိေသာေနရာ မ်ားကိုသတ္မွတ္ထားေၾကာင္းသိရသည္။

သန္းေပါင္းမ်ားစြာေသာ သဲကႏၲာရ က်ိဳင္းေကာင္ေတြဟာ ၂၈၊ ၀၆၊၂၀၂၀ ေန႔မွာ အိႏၵိယၿမိဳ႕ေတာ္ နယူးေဒလီအထိ ေရာက္လာၿပီျဖစ္ေၾကာင္းသိရပါတယ္။

ဒီ သဲကႏၲာရက်ိဳင္းေကာင္ကပ္ဟာ ၂၀၂၀ ဇန္နဝါရီလမွာ အာဖရိကတိုက္ အေရွ႕ပိုင္းႏိုင္ငံေတြက စတင္ခဲ့ၿပီး အေရွ႕ဖက္ကို ေ႐ြ႕လ်ား ျပန႔္ႏွံ႔ေနပါတယ္။

အေကာင္ေရ သန္းေပါင္းမ်ားစြာပါဝင္ၿပီး (၇) ကီလိုမီတာေလာက္ အထိ ႀကီးမားကာ တစ္နာရီ (၁၉)ကီလိုမီတာႏႈန္းအထိ ပ်ံသန္းႏိုင္လို႔ တစ္ရက္ကို ကီလိုမီတာ (၁၅၀)ကေန (၂၀၀) ေလာက္ကို ေ႐ြ႕လ်ားႏိုင္ပါတယ္။

(သဲကႏၲာရက်ိဳင္းေကာင္ တစ္အုပ္ဟာ အေကာင္ေရ သန္း (၈၀) အထိ ပါဝင္ႏိုင္ပါတယ္)

သူတို႔ရဲ႕ ႀကီးမားတဲ့ အဖ်က္စြမ္းအားေၾကာင့္ အာဖရိကအေရွ႕ပိုင္း (၉) ႏိုင္ငံမွာ သန္းေပါင္းမ်ားစြာေသာ လူမ်ား အငတ္ေဘးနဲ႔ ႀကဳံေတြ႕ေနရၿပီလို႔သိရပါတယ္။

၂၀၂၀ ဇြန္လမွာ ေရာက္ရွိလာတဲ့ ဒီက်ိဳင္းေကာင္မ်ားေၾကာင့္ ပါကစၥတန္ႏိုင္ငံမွာလည္း သီးႏွံမ်ား ပ်က္စီးဆုံးရႈံးၿပီး အေရးေပၚအေျခအေန ေၾကျငာထားကာ ႏိုင္ငံတကာ အကူအညီမ်ားကို ေတာင္းခံေနရပါၿပီ။

က်ိဳင္းေကာင္အုပ္ႀကီး စားေသာက္ဖ်က္ဆီးၿပီး အေရွ႕ဖက္ကို ဆက္လက္ ေ႐ြ႕လ်ားေနေပမယ့္ ပိုမိုထိန္းသိမ္းရခက္တဲ့ ျပႆနာကေတာ့ လမ္းတစ္ေလွ်ာက္ ဥမ်ားကို ဥထားခဲ့ျခင္းေၾကာင့္ ထပ္မံ အသစ္ေပါက္ပြားလာတဲ့ က်ိဳင္းေကာင္သစ္ေတြက ဆက္လက္ ဖ်က္ဆီးမႈကို ျပဳလုပ္ႏိုင္ျခင္းပါပဲ။

က်ိဳင္းေကာင္ေတြဟာ ဇြန္-စက္တင္ဘာ ကာလအတြင္း အဓိက စိုက္ပ်ိဳးေရးျပဳလုပ္ၾကမယ့္ ႏိုင္ငံမ်ားေတာက္ေလွ်ာက္ကို ပ်ံသန္းဖ်က္ဆီးႏိုင္တဲ့အတြက္ ျမန္မာႏိုင္ငံအပါအဝင္ ထိုင္း၊ ကေမာၻဒီးယား၊ ဗီယက္နမ္ႏိုင္ငံေတြဟာ စိုးရိမ္ရတဲ့ စာရင္းထဲမွာ ပါေနပါတယ္။

ဗီယက္နမ္ႏိုင္ငံ စိုက္ပ်ိဳးေရးဌါနက သဲကႏၲာရက်ိဳင္းေကာင္ကပ္အတြက္ ႀကိဳတင္ တပ္လွန႔္ ျပင္ဆင္မႈေတြ ျပဳလုပ္ေနၿပီလို႔ သိရပါတယ္။ ျမန္မာႏိုင္ငံမွာလည္း စိုက္ပ်ိဳးေရးဌါနအတြင္း ပညာေပး အသိေပးမႈေတြ ျပဳလုပ္ေနၿပီျဖစ္ပါတယ္

ေလးစားစြာျဖင့္ခရစ္ဒက္ – LugyiNews

About the author

Aung Lay

Leave a Comment