Cele News

စိတ် ထိခိုက်စရာအတိတ်ကဖြစ်ရပ်တွေအတွက် ညီမလေးကို အားပေးစကားပြောလိုက်တဲ့ ဘေဘီမောင်

Written by Aung Lay

စိတ် ထိခိုက်စရာအတိတ်ကဖြစ်ရပ်တွေအတွက် ညီမလေးကို အားပေးစကားပြောလိုက်တဲ့ ဘေဘီမောင်

ချစ် သူဟောင်းနဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေကြောင့် တရားရင်ဆိုင်တဲ့အခြေအနေထိပါ ဖြစ်လာခဲ့တဲ့ သံစဉ်မောင်တစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကပဲ ချစ်သူဟောင်းနဲ့ မျက်နှာချင်းဆိုင်ပြီး အင်တာဗျူးဖြေပြီးနောက်မှာတော့ တရားစွဲဆိုထားတဲ့အမှုကို ရုတ်သိမ်းခဲ့ပြီးနောက် ကိုယ်ပိုင်ဘဝလေးမှာပဲ အေးအေးလူလူရပ်တည်နေခဲ့ပါတယ်။

(၃) နှစ်ေ ကျာ်ကြာချစ်ခဲ့ကြတဲ့အ တွက်ကြောင့် သံေ ယာဇဉ်တွေ ချစ်ခြင်းမေတ္တာတွေနဲ့ အချိန်တွေကတော့ အကျိုးမရှိဘဲကုန်သွားခဲ့ရပါ တယ်။ ဝေဖန်သူတွေလည်း အများကြီးရှိခဲ့သလို တိုက်ခိုက်ခံရတာတွေလည်း အများအပြားပါပဲ။ လက်ရှိမှာတော့ တည်ငြိမ်တဲ့ အခြေအနေတစ် ခုကို ရောက်လာပြီဖြစ်ပေမယ့် စိတ်မကောင်းစရာအတိတ်တွေကတော့ ပြန်တွေးတိုင်းဝမ်းနည်းစေမိမှာပါ။

ဘေ ဘီမောင်ကတော့ ” ညီမလေးရေ စိတ်တော့မကောင်းပေမယ့် ရင်နာရပေမယ့် တချို့သော ကိစ္စတွေကို ခေါင်းထဲကထုတ်ပီး ကိုယ့်ကို ချစ်တဲ့သူတွေကြားမှာ ပျော်အောင်နေပေးပါ ကိုယ်နဲ့အဆင်မပြေမှ သူ့အကြောင်းမကောင်းပြောတာ မဖြစ်စေနဲ့ အသက်ရွယ်နဲ့လိုက်တဲ့ ရင့်ကျက်မှုရှိပါစေ တရားပျက်တဲ့လူတချို့နဲ့ တွေ့လာခဲ့ရင်တောင် ဥပေက္ခာတရားနဲ့ ရင်ဆိုင်ပီး ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ရင်းနေကြမယ် အချိန်တစ်ခုကို စောင့်လိုက်တဲ့အခါ အမှန်တရား ထွက်ပေါ်လာတတ်တာ ပါကျဲလေး သိပြီးပြီပဲမဟုတ်လား ကိုယ်သာဖို့အတွက်တော့ သူများကို မနာစေလိုတဲ့ ငါ့ပါကျဲလေးကို မကြီးနာ အမြဲယုံတယ်နော် ” ဆိုပြီး အားပေးစကားလေး ပြောလာခဲ့ပါတယ်။ အမကြီးအမိရာ ဆိုတဲ့စကားလေးအတိုင်း အမဖြစ်သူရဲ့စကားလုံးတွေဟာ သံစဉ်မောင်အတွက်တော့ တကယ်ကိုအားဖြစ်စေမှာပါ။

လေးစားစွာဖြင့် ခရစ်ဒက်Happy – Cele Zone
Photo – Baby Maung / Thansin Maung

Zawgyi

စိတ္ ထိခိုက္စရာအတိတ္ကျဖစ္ရပ္ေတြအတြက္ ညီမေလးကို အားေပးစကားေျပာလိုက္တဲ့ ေဘဘီေမာင္

ခ်စ္ သူေဟာင္းနဲ႔ပတ္သက္ၿပီး အဆင္မေျပမႈေတြေၾကာင့္ တရားရင္ဆိုင္တဲ့အေျခအေနထိပါ ျဖစ္လာခဲ့တဲ့ သံစဥ္ေမာင္တစ္ေယာက္ ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္ကပဲ ခ်စ္သူေဟာင္းနဲ႔ မ်က္ႏွာခ်င္းဆိုင္ၿပီး အင္တာဗ်ဴးေျဖၿပီးေနာက္မွာေတာ့ တရားစြဲဆိုထားတဲ့အမႈကို ႐ုတ္သိမ္းခဲ့ၿပီးေနာက္ ကိုယ္ပိုင္ဘဝေလးမွာပဲ ေအးေအးလူလူရပ္တည္ေနခဲ့ပါတယ္။

(၃) ႏွစ္ေ က်ာ္ၾကာခ်စ္ခဲ့ၾကတဲ့အ တြက္ေၾကာင့္ သံေ ယာဇဥ္ေတြ ခ်စ္ျခင္းေမတၱာေတြနဲ႔ အခ်ိန္ေတြကေတာ့ အက်ိဳးမရွိဘဲကုန္သြားခဲ့ရပါ တယ္။ ေဝဖန္သူေတြလည္း အမ်ားႀကီးရွိခဲ့သလို တိုက္ခိုက္ခံရတာေတြလည္း အမ်ားအျပားပါပဲ။ လက္ရွိမွာေတာ့ တည္ၿငိမ္တဲ့ အေျခအေနတစ္ ခုကို ေရာက္လာၿပီျဖစ္ေပမယ့္ စိတ္မေကာင္းစရာအတိတ္ေတြကေတာ့ ျပန္ေတြးတိုင္းဝမ္းနည္းေစမိမွာပါ။

ေဘ ဘီေမာင္ကေတာ့ ” ညီမေလးေရ စိတ္ေတာ့မေကာင္းေပမယ့္ ရင္နာရေပမယ့္ တခ်ိဳ႕ေသာ ကိစၥေတြကို ေခါင္းထဲကထုတ္ပီး ကိုယ့္ကို ခ်စ္တဲ့သူေတြၾကားမွာ ေပ်ာ္ေအာင္ေနေပးပါ ကိုယ္နဲ႔အဆင္မေျပမွ သူ႔အေၾကာင္းမေကာင္းေျပာတာ မျဖစ္ေစနဲ႔ အသက္ရြယ္နဲ႔လိုက္တဲ့ ရင့္က်က္မႈရွိပါေစ တရားပ်က္တဲ့လူတခ်ိဳ႕နဲ႔ ေတြ႕လာခဲ့ရင္ေတာင္ ဥေပကၡာတရားနဲ႔ ရင္ဆိုင္ပီး ကိုယ့္အလုပ္ပဲ ကိုယ္လုပ္ရင္းေနၾကမယ္ အခ်ိန္တစ္ခုကို ေစာင့္လိုက္တဲ့အခါ အမွန္တရား ထြက္ေပၚလာတတ္တာ ပါက်ဲေလး သိၿပီးၿပီပဲမဟုတ္လား ကိုယ္သာဖို႔အတြက္ေတာ့ သူမ်ားကို မနာေစလိုတဲ့ ငါ့ပါက်ဲေလးကို မႀကီးနာ အျမဲယုံတယ္ေနာ္ ” ဆိုၿပီး အားေပးစကားေလး ေျပာလာခဲ့ပါတယ္။ အမႀကီးအမိရာ ဆိုတဲ့စကားေလးအတိုင္း အမျဖစ္သူရဲ့စကားလုံးေတြဟာ သံစဥ္ေမာင္အတြက္ေတာ့ တကယ္ကိုအားျဖစ္ေစမွာပါ။

ေလးစားစြာျဖင့္ ခရစ္ဒက္Happy – Cele Zone
Photo – Baby Maung / Thansin Maung

About the author

Aung Lay

Leave a Comment