ဧၿပီ လ တစ္ရက္ေန႔မွစတင္ၿပီး အေမစု ေဖ့ဘုတ္အေကာင့္ကိုစသုံးခဲ့ပါတယ္။ Covid-19 စိန္ေခၚမႈကို လက္တြဲေျဖရွင္းၾကဖို႔ တိုင္းနဲ႔ျပည္နယ္အသီးသီးက အလႊာစုံကို Video Conferencing လုပ္ၿပီး တိုင္ပင္ေဆြးေႏြးခဲ့ၾကတာ ဒီကေန႔အထိဆိုရင္ တစ္ဆယ့္ေလးႀကိမ္ေျမာက္ခဲ့ပါၿပီ။
ေဆြးေႏြးပြဲတိုင္း ဗဟိုကေန ဘယ္လိုျဖည့္ဆည္းမႈေတြလုပ္ေပးရမလဲ၊ ဘာေတြလိုအပ္သလဲလို႔ ႏိုင္ငံ့ေခါင္းေဆာင္က ဂ႐ုတစိုက္ေမးေလ့ရွိၿပီး Front Liners မ်ားကလည္း လိုအပ္သမွ်ကိုတင္ျပၾကတယ္။ တစ္နည္းဆိုရေသာ္ တကယ္လိုအပ္သမွ်ကို ေတာင္းဆိုၾကတယ္ေပါ့။ ေဝဘာဂီေဆး႐ုံဆို ေဆြးေႏြးပြဲအၿပီး လိုအပ္သမွ်ကိုျဖည့္ဆည္းေပးမယ့္ အလႉရွင္ေတြ အသီးသီးေပၚထြန္းခဲ့တယ္။ တီးတိန္ေဆး႐ုံဆိုလွ်င္လည္း ထိုနည္း၎၊ ေဆး႐ုံတစ္ခုလုံးအတြက္ လိုအပ္သမွ်ကိုျဖည့္ဆည္းေပးမယ့္ တစ္ဦးတည္းအလႉရွင္ေပၚထြန္းခဲ့ျပန္တယ္။
ဒီကေန႔ ေဆြးေႏြးပြဲစစခ်င္းမွာ အေမက “အခု ကေလးမွာ လူနာေတြမ်ားတယ္ဆိုေတာ့” လို႔ဆိုၿပီး အစခ်ီပါတယ္။ အရင္ေဆြးေႏြးပြဲတိုင္းမွာလည္း ၿမိဳ႕နဲ႔ယွဥ္ၿပီး ကေလးၿမိဳ႕လူနာမ်ားတဲ့အေၾကာင္း အေမစုဟာ ရံဖန္ရံခါအလ်ဥ္းသင့္တိုင္း ေျပာတတ္ပါတယ္။
“ေဆး႐ုံအုပ္ႀကီးအေနနဲ႔ ဘယ္လိုမ်ားအစီအစဥ္ေတြလုပ္ထားလဲ။ ဘာေတြကိုအဓိကထားၿပီးလုပ္ဖို႔လိုသလဲ။ ကြၽန္မတို႔ဗဟိုအစိုးရကလည္း ဘယ္လိုပံ့ပိုးေပးႏိုင္သလဲဆိုတာကိုေတာ့ ေျပာျပေပးေစခ်င္ပါတယ္။”လို႔ ေမးေတာ့ ကေလးၿမိဳ႕ေဆး႐ုံအုပ္ႀကီးေဒါက္တာေအာင္မ်ိဳးဝင္းက ျပည္သူ႔က်န္းမာဌာနနဲ႔ကုသေရးဌာနႏွစ္ခုခ်ိတ္ဆက္ၿပီး ေဆာင္႐ြက္ေနၾကေၾကာင္း၊ ျပည္သူ႔က်န္းမာဌာနမွ က႑(၅)ခုနဲ႔ လႈပ္ရွားေနၾကေၾကာင္း အေသးစိတ္ကိုဖတ္ျပၿပီး၊ ေနာက္ဆုံးမွာ အေမစုက ” ဆရာတို႔ရဲ႕လုပ္ငန္းေတြကို ျပည္ေထာင္စုအစိုးရကမ်ား ဘယ္ဖက္ကေန ပံ့ပိုးေပးဖို႔လိုသလဲ၊ ဆရာတို႔ေဆး႐ုံမွာ အခုအခ်ိန္မွာဆိုရင္ အေရးေပၚလိုအပ္ခ်က္ေတြမ်ားရွိသလား။ ”လို႔ေမးပါတယ္။
ကေလးေျမျပင္က ေရွ႕တန္းစစ္သည္ေတာ္ေတြ ေရးၾက၊ တင္ၾက၊ ေအာ္ထားသမွ်ေတြထဲမွာ လူနာ(၆)ေယာက္နဲ႔ပတ္သက္ၿပီး ကြင္းဆက္ေတြလိုက္ထားရသမွ်ကာလပတ္လုံး အသုံးျပဳရတဲ့ PPE ေတြ စုေဆာင္းထားသမွ် ကုန္လုလုျဖစ္ေနလို႔ ဗဟိုအစိုးရရဲ႕အကူအညီေတြလိုအပ္ေနေၾကာင္းေတြ ခဏခဏ ျမင္ေနရပါမ်ားေတာ့ ဒါေတြကိုမ်ားေတာင္းမလား။ ၿမိဳ႕နယ္ေဆး႐ုံတစ္႐ုံအေနနဲ႔ လူနာေတြကို နဖူးေတြ႕ ဒူးေတြ႕ကုသေနရလို႔ အေရးေပၚစက္ပစၥည္းတစ္ခုခုမ်ား လိုအပ္ေနပါတယ္အေမလို႔ တင္ျပေလမလားေပါ့။ ေဆး႐ုံအုပ္ႀကီးအေနနဲ႔ ဘာမ်ားေတာင္းဆိုမလဲဆိုၿပီး အာ႐ုံစိုက္ေနမိခ်ိန္မွာပဲ ” အခက္အခဲမရွိ၊ အဆင္ေျပပါတယ္အေမ။ ” လို႔ေျဖသြားေတာ့ စြံ႕အသြားမိပါတယ္။
အေမစုကေျပာသြားပါတယ္။ အတၱနဲ႔ပရမွ်ဖို႔။ သာမန္လူသားေတြဟာ ကိုယ့္အတြက္လည္း မစဥ္းစားလို႔မျဖစ္ဘူးဆိုၿပီးေျပာသြားပါတယ္။ ကြၽန္ေတာ္သာ ေဆး႐ုံအုပ္ႀကီးေနရာမွာဆိုရင္ ကိုယ့္အတြက္မဟုတ္တဲ့ အမ်ားအတြက္ အတၱနည္းနည္းေရာမိပါလိမ့္မယ္။ တစ္ဖက္ကျပန္ေတြးေတာ့လည္း တကယ္ပဲ ျပည့္စုံေနလို႔၊ လိုအပ္ခ်က္ေတြမရွိလို႔ အမွန္အတိုင္းေျပာသြားတာပဲလား။ ေဆး႐ုံအုပ္ႀကီးနဲ႔ လက္ေတြ႕ကြင္းထဲမွာ ေျပးေနၾကတဲ့ တိုက္စစ္မႉးမ်ားကိုယ္တိုင္သာ အသိျဖစ္ပါလိမ့္မယ္။ လိုအပ္ခ်က္ေတြရွိေနပါလွ်က္ အေၾကာင္းတစ္ခုခုေၾကာင့္ ဘာမွမလိုအပ္ပါဘူးလို႔ ေျပာတယ္ဆိုလွ်င္ေတာ့ ဌာနဆိုင္ရာ နယ္ပယ္အသီးသီးက အေမ့ကို လိမ္ေနတာပဲလို႔ ေကာက္ခ်က္ခ်ပါရေစ။ ေဆး႐ုံအုပ္ႀကီးလည္း ဝန္ထမ္းေပမို႔ ကိုယ္ခ်င္းစာပါတယ္။ ဝိုင္းညာေနၾကေသးရင္ေတာ့ အရင့္အရင္က အစိုးမင္းမ်ားလက္ထက္ကလို အမွန္တရားဟာ နန္းၿမိဳ႕႐ိုးရဲ႕အျပင္ဖက္မွာပဲ ေလလြင့္ေပ်ာက္ဆုံးေနရဦးမည္သာ။
ကြၽန္ေတာ့္အျမင္ပါ။ ကြၽန္ေတာ္တာဝန္ယူပါသည္။
Chithmwe Kalay၊ ခ်စ္ေမႊး(ကေလး)
Unicode
ဧပြီ လ တစ်ရက်နေ့မှစတင်ပြီး အမေစု ဖေ့ဘုတ်အကောင့်ကိုစသုံးခဲ့ပါတယ်။ Covid-19 စိန်ခေါ်မှုကို လက်တွဲဖြေရှင်းကြဖို့ တိုင်းနဲ့ပြည်နယ်အသီးသီးက အလွှာစုံကို Video Conferencing လုပ်ပြီး တိုင်ပင်ဆွေးနွေးခဲ့ကြတာ ဒီကနေ့အထိဆိုရင် တစ်ဆယ့်လေးကြိမ်မြောက်ခဲ့ပါပြီ။ ဆွေးနွေးပွဲတိုင်း ဗဟိုကနေ ဘယ်လိုဖြည့်ဆည်းမှုတွေလုပ်ပေးရမလဲ၊ ဘာတွေလိုအပ်သလဲလို့ နိုင်ငံ့ခေါင်းဆောင်က ဂရုတစိုက်မေးလေ့ရှိပြီး Front Liners များကလည်း လိုအပ်သမျှကိုတင်ပြကြတယ်။ တစ်နည်းဆိုရသော် တကယ်လိုအပ်သမျှကို တောင်းဆိုကြတယ်ပေါ့။ ဝေဘာဂီဆေးရုံဆို ဆွေးနွေးပွဲအပြီး လိုအပ်သမျှကိုဖြည့်ဆည်းပေးမယ့် အလှူရှင်တွေ အသီးသီးပေါ်ထွန်းခဲ့တယ်။ တီးတိန်ဆေးရုံဆိုလျှင်လည်း ထိုနည်း၎င်း၊ ဆေးရုံတစ်ခုလုံးအတွက် လိုအပ်သမျှကိုဖြည့်ဆည်းပေးမယ့် တစ်ဦးတည်းအလှူရှင်ပေါ်ထွန်းခဲ့ပြန်တယ်။
ဒီကနေ့ ဆွေးနွေးပွဲစစချင်းမှာ အမေက “အခု ကလေးမှာ လူနာတွေများတယ်ဆိုတော့” လို့ဆိုပြီး အစချီပါတယ်။ အရင်ဆွေးနွေးပွဲတိုင်းမှာလည်း မြို့နဲ့ယှဉ်ပြီး ကလေးမြို့လူနာများတဲ့အကြောင်း အမေစုဟာ ရံဖန်ရံခါအလျဉ်းသင့်တိုင်း ပြောတတ်ပါတယ်။
“ဆေးရုံအုပ်ကြီးအနေနဲ့ ဘယ်လိုများအစီအစဉ်တွေလုပ်ထားလဲ။ ဘာတွေကိုအဓိကထားပြီးလုပ်ဖို့လိုသလဲ။ ကျွန်မတို့ဗဟိုအစိုးရကလည်း ဘယ်လိုပံ့ပိုးပေးနိုင်သလဲဆိုတာကိုတော့ ပြောပြပေးစေချင်ပါတယ်။”လို့ မေးတော့ ကလေးမြို့ဆေးရုံအုပ်ကြီးဒေါက်တာအောင်မျိုးဝင်းက ပြည်သူ့ကျန်းမာဌာနနဲ့ကုသရေးဌာနနှစ်ခုချိတ်ဆက်ပြီး ဆောင်ရွက်နေကြကြောင်း၊ ပြည်သူ့ကျန်းမာဌာနမှ ကဏ္ဍ(၅)ခုနဲ့ လှုပ်ရှားနေကြကြောင်း အသေးစိတ်ကိုဖတ်ပြပြီး၊ နောက်ဆုံးမှာ အမေစုက ” ဆရာတို့ရဲ့လုပ်ငန်းတွေကို ပြည်ထောင်စုအစိုးရကများ ဘယ်ဖက်ကနေ ပံ့ပိုးပေးဖို့လိုသလဲ၊ ဆရာတို့ဆေးရုံမှာ အခုအချိန်မှာဆိုရင် အရေးပေါ်လိုအပ်ချက်တွေများရှိသလား။ ”လို့မေးပါတယ်။
ကလေးမြေပြင်က ရှေ့တန်းစစ်သည်တော်တွေ ရေးကြ၊ တင်ကြ၊ အော်ထားသမျှတွေထဲမှာ လူနာ(၆)ယောက်နဲ့ပတ်သက်ပြီး ကွင်းဆက်တွေလိုက်ထားရသမျှကာလပတ်လုံး အသုံးပြုရတဲ့ PPE တွေ စုဆောင်းထားသမျှ ကုန်လုလုဖြစ်နေလို့ ဗဟိုအစိုးရရဲ့အကူအညီတွေလိုအပ်နေကြောင်းတွေ ခဏခဏ မြင်နေရပါများတော့ ဒါတွေကိုများတောင်းမလား။ မြို့နယ်ဆေးရုံတစ်ရုံအနေနဲ့ လူနာတွေကို နဖူးတွေ့ ဒူးတွေ့ကုသနေရလို့ အရေးပေါ်စက်ပစ္စည်းတစ်ခုခုများ လိုအပ်နေပါတယ်အမေလို့ တင်ပြလေမလားပေါ့။ ဆေးရုံအုပ်ကြီးအနေနဲ့ ဘာများတောင်းဆိုမလဲဆိုပြီး အာရုံစိုက်နေမိချိန်မှာပဲ ” အခက်အခဲမရှိ၊ အဆင်ပြေပါတယ်အမေ။ ” လို့ဖြေသွားတော့ စွံ့အသွားမိပါတယ်။
အမေစုကပြောသွားပါတယ်။ အတ္တနဲ့ပရမျှဖို့။ သာမန်လူသားတွေဟာ ကိုယ့်အတွက်လည်း မစဉ်းစားလို့မဖြစ်ဘူးဆိုပြီးပြောသွားပါတယ်။ ကျွန်တော်သာ ဆေးရုံအုပ်ကြီးနေရာမှာဆိုရင် ကိုယ့်အတွက်မဟုတ်တဲ့ အများအတွက် အတ္တနည်းနည်းရောမိပါလိမ့်မယ်။ တစ်ဖက်ကပြန်တွေးတော့လည်း တကယ်ပဲ ပြည့်စုံနေလို့၊ လိုအပ်ချက်တွေမရှိလို့ အမှန်အတိုင်းပြောသွားတာပဲလား။ ဆေးရုံအုပ်ကြီးနဲ့ လက်တွေ့ကွင်းထဲမှာ ပြေးနေကြတဲ့ တိုက်စစ်မှူးများကိုယ်တိုင်သာ အသိဖြစ်ပါလိမ့်မယ်။ လိုအပ်ချက်တွေရှိနေပါလျှက် အကြောင်းတစ်ခုခုကြောင့် ဘာမှမလိုအပ်ပါဘူးလို့ ပြောတယ်ဆိုလျှင်တော့ ဌာနဆိုင်ရာ နယ်ပယ်အသီးသီးက အမေ့ကို လိမ်နေတာပဲလို့ ကောက်ချက်ချပါရစေ။ ဆေးရုံအုပ်ကြီးလည်း ဝန်ထမ်းပေမို့ ကိုယ်ချင်းစာပါတယ်။ ဝိုင်းညာနေကြသေးရင်တော့ အရင့်အရင်က အစိုးမင်းများလက်ထက်ကလို အမှန်တရားဟာ နန်းမြို့ရိုးရဲ့အပြင်ဖက်မှာပဲ လေလွင့်ပျောက်ဆုံးနေရဦးမည်သာ။
ကျွန်တော့်အမြင်ပါ။ ကျွန်တော်တာဝန်ယူပါသည်။ Chithmwe Kalay၊ ချစ်မွှေး(ကလေး)