Cele News

“ဖြစ်ရပ်မှန်” MUSIC VIDEO လေး ကြည့်ရှု့သူ (၂)သန်း ကျော်သွားခဲ့လို့ ပျော်နေတဲ့ “ဝိုင်းစုခိုင်သိန်း”

Written by Aung Lay

“ဖြစ်ရပ်မှန်” Music Video လေး ကြည့်ရှု့သူ (၂)သန်း ကျော်သွားခဲ့လို့ ပျော်နေတဲ့ “ဝိုင်းစုခိုင်သိန်း”

အသံချိုချိုအေးအေးလေးနဲ့ အလွမ်းသီချင်း အဆွေးသီချင်းလေးတွေကိုသီဆိုတတ်သူ တစ်ယောက်ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းကိုတော့ပရိသတ်ကြီးလည်းရင်နှီးပြီးသားဖြစ်မယ်ထင်ပါတယ်။သူမကတော့တေးစီးရီးအယ်ဘမ်တော်တော်များများကိုလည်း ထွက်ရှိအောင်မြင်ထားပြီးသူမရဲ့ထွက်သမျှ သီချင်းတိုင်းကလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျကာလူငယ်တွေပါးစပ်ဖျားမှာရေပန်းစားအောင်မြင်ခဲ့ပါတယ်။

သူမကတော့လတ်တလောမှာအနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီး မကြာသေးခင် ကမှအသည်းကွဲဘုရင်လို့တောင်ပရိသတ်တွေကတင်စားထားတဲ့ ဝေကြီးကိုယ်တိုင်ရေးပေးတဲ့” ဖြစ်ရပ်မှန်”ဆိုတဲ့ အသည်းကွဲသီချင်းအသစ်လေးတစ်ပုဒ်ရဲ့ Music Videoလေးကိုထွက်ရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါ” ဖြစ်ရပ်မှန်”Music Videoလေးက ကြည့်ရှု့သူ(၂)သန်းကျော်သွားခဲ့ပြီဖြစ်ပြီး ဝိုင်းစုခိုင်သိန်းကဝမ်းသာပိတိဖြစ်နေကြောင်းသူမ ရဲ့လူမှုကွန်ရက်မှာဖော်ပြထားခဲ့ပါတယ်။

ဝိုင်းစုကတော့”ဖြစ်ရပ်မှန်” lyrics videoလေး Viewers 2သန်းကျော်သွားတာ တွေ့ရလို့ အရမ်းပျော်ရပါတယ်။ ကြည့်ရှု့အားပေးကြတဲ့ ချစ်ဆုံးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ နောင်လည်းဝိုင်းစုကို ဒီလိုပဲဆက်ချစ်ပေးပါနော်လို့ I love you all..Arrrrr Bwarrrr”ဆိုပြီးသူမ ရဲ့ ပုံရိပ်လေးတွေအတူဖော်ပြ ထားခဲ့တာဖြစ်ပါတယ်။ အဆိုပါပုံရိပ်တွေ ကိုတော့ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်..

Source:Wine Su

Zawgyi

“ျဖစ္ရပ္မွန္” Music Video ေလး ၾကည့္ရႈ႕သူ (၂)သန္း ေက်ာ္သြားခဲ့လို႔ ေပ်ာ္ေနတဲ့ “ဝိုင္းစုခိုင္သိန္း”

အသံခ်ိဳခ်ိဳေအးေအးေလးနဲ႔ အလြမ္းသီခ်င္း အေဆြးသီခ်င္းေလးေတြကိုသီဆိုတတ္သူ တစ္ေယာက္ျဖစ္တဲ့ ဝိုင္းစုခိုင္သိန္းကိုေတာ့ပရိသတ္ႀကီးလည္းရင္ႏွီးၿပီးသားျဖစ္မယ္ထင္ပါတယ္။သူမကေတာ့ေတးစီးရီးအယ္ဘမ္ေတာ္ေတာ္မ်ားမ်ားကိုလည္း ထြက္ရွိေအာင္ျမင္ထားၿပီးသူမရဲ႕ထြက္သမွ် သီခ်င္းတိုင္းကလည္း ပရိသတ္ေတြအႀကိဳက္နဲ႔ ထပ္တူက်ကာလူငယ္ေတြပါးစပ္ဖ်ားမွာေရပန္းစားေအာင္ျမင္ခဲ့ပါတယ္။

သူမကေတာ့လတ္တေလာမွာအႏုပညာအလုပ္ေတြကိုဆက္တိုက္လုပ္ကိုင္ေနၿပီး မၾကာေသးခင္ ကမွအသည္းကြဲဘုရင္လို႔ေတာင္ပရိသတ္ေတြကတင္စားထားတဲ့ ေဝႀကီးကိုယ္တိုင္ေရးေပးတဲ့” ျဖစ္ရပ္မွန္”ဆိုတဲ့ အသည္းကြဲသီခ်င္းအသစ္ေလးတစ္ပုဒ္ရဲ႕ Music Videoေလးကိုထြက္ရွိထားတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အဆိုပါ” ျဖစ္ရပ္မွန္”Music Videoေလးက ၾကည့္ရႈ႕သူ(၂)သန္းေက်ာ္သြားခဲ့ၿပီျဖစ္ၿပီး ဝိုင္းစုခိုင္သိန္းကဝမ္းသာပိတိျဖစ္ေနေၾကာင္းသူမ ရဲ႕လူမႈကြန္ရက္မွာေဖာ္ျပထားခဲ့ပါတယ္။

ဝိုင္းစုကေတာ့”ျဖစ္ရပ္မွန္” lyrics videoေလး Viewers 2သန္းေက်ာ္သြားတာ ေတြ႕ရလို႔ အရမ္းေပ်ာ္ရပါတယ္။ ၾကည့္ရႈ႕အားေပးၾကတဲ့ ခ်စ္ဆုံးေတြအားလုံးကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္။ ေနာင္လည္းဝိုင္းစုကို ဒီလိုပဲဆက္ခ်စ္ေပးပါေနာ္လို႔ I love you all..Arrrrr Bwarrrr”ဆိုၿပီးသူမ ရဲ႕ ပုံရိပ္ေလးေတြအတူေဖာ္ျပ ထားခဲ့တာျဖစ္ပါတယ္။ အဆိုပါပုံရိပ္ေတြ ကိုေတာ့ပရိသတ္ႀကီးအတြက္ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ေနာ္..

Source:Wine Su

About the author

Aung Lay

Leave a Comment