Cele News

ပရိသတ်တွေအတွက် ချစ်စရာကောင်း တဲ့ ပုံစံတွေ တစ်မျိုးပြီး တမျိုး နဲ့ စက္ကန့်ပိုင်းအတွင်း အဝတ်အစားတွေအမျိုးမျိုးလဲပြီး ရိုက်ထားတဲ့ ခေးဆက်သွင်ရဲ့ ဗီဒီယိုဖိုင်

Written by Aung Lay

ပရိသတ်တွေအတွက် ချစ်စရာကောင်း တဲ့ ပုံစံတွေ တစ်မျိုးပြီး တမျိုး နဲ့ စက္ကန့်ပိုင်းအတွင်း အဝတ်အစားတွေအမျိုးမျိုးလဲပြီး ရိုက်ထားတဲ့ ခေးဆက်သွင်ရဲ့ ဗီဒီယိုဖိုင်

မြန်မာဆန်ဆန် ရှင်းလင်းပြေပြစ် တဲ့ မျက်နှာလေး နဲ့ မင်းသမီးချောလေး ခေးဆက်သွင် က ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း နာမည်ကြီးလာသူလေး ဖြစ်ပါတယ်။ ခေးဆက်သွင်က “နှင်းဆီ” ဇာတ်လမ်းတွဲမှာလည်း အံ့သြစရာကောင်းလောက်အောင် သရုပ်ဆောင် ကောင်းလွန်း တာမို့ ပရိသတ်တွေရဲ့ အားပေးမှု ကို တစ်ခဲနက် ခံခဲ့ရသူလေး ဖြစ်ပါတယ်။ ခေးဆက်သွင် က လက်ရှိမှာ လည်း ဇာတ်လမ်းတွဲအသစ်တွေနဲ့ အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်ဖို့ ပြင်ဆင်နေလျက်ရှိ ပါတယ်။.

ခေးဆက်သွင်ဟာ သရုပ်ဆောင်ပီပြင်တဲ့ သူဖြစ်တာကြောင့် ရုပ်ရှင် ကားကြီးတွေအထိပါရိုက်ကူးလာရတဲ့ မင်းသမီးတစ်ယောက်ပါ။ ဒါ့ပြင်သူမဟာ ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်ပြီး စိတ်ထားကောင်းတဲ့သူလည်းဖြစ်တာကြောင့် အနုပညာရှင် အချင်းချင်းကပါချစ်ကြတဲ့ သူလေးပါနော်။ ခေးဆက်သွင်ဟာ သူငယ်ချင်းတွေနဲ့ လည်း ပျော်ပျော်နေတတ် တဲ့သူဖြစ်ပြီး အေးဆေးစွာလေးေ နတတ် တဲ့သူဖြစ်ပါတယ်။

ဒီနေ့ မှာတော့ ခေးဆက်သွင်က သူမရဲ့ ပရိသတ်တွေ အတွက် အပျင်းပြေ Tik Tok ဗီဒီယိုလေး တစ်ပုဒ် ရိုက်ကူးပေးထားတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် ခေးဆက်သွင်ရဲ့ စက္ကန့်ပိုင်းအတွင်း အဝတ်အစားတွေအမျိုးမျိုးလဲပြီး Tik Tok ဆော့ခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေပေးလို က်ပါတယ်နော်။

ခေးဆက်သွင်ကတော့ “အဝတ်အစားတွေ တစ်စုံပြီး တစ်စုံ လဲထားတော့ရော လာခေါ်မယ့်သူ ရှိလို့လားတဲ့” ဆိုပြီး သူမကိုယ်သူမ အရွှန်းဖောက်ထား ပါသေးတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင် ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါ တယ်နော်။

Source: Khay Sett Thwin’s fb

Dw- shweyoe

Zawgyi







Dw- shweyoe

About the author

Aung Lay

Leave a Comment