Cele News

မိန်းကလေးရှင် ဘက်ကို ထိခိုက်စရာ ဖြစ်ခဲ့တဲ့ ညီမရဲ့ရည်းစားဟောင်း ဖြစ်သူရဲ့ တဖက်စောင်းနင်း ဆိုလာတဲ့ စကားကြောင့် လူသိ ရှင်ကြားပေါက်ကွဲ လိုက်တဲ့ ”ဘေဘီမောင်”

Written by Aung Lay

မိန်းကလေးရှင် ဘက်ကို ထိခိုက်စရာ ဖြစ်ခဲ့တဲ့ ညီမရဲ့ရည်းစားဟောင်း ဖြစ်သူရဲ့ တဖက်စောင်းနင်း ဆိုလာတဲ့ စကားကြောင့် လူသိ ရှင်ကြားပေါက်ကွဲ လိုက်တဲ့ ”ဘေဘီမောင်”

အနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်နေတဲ့ မော်ဒယ်လ် နဲ့ သရုပ်ဆောင် ဘေဘီမောင်က အချစ်ဆုံး ညီမလေးဖြစ်သူ သံစဉ်မောင်ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ဖြစ်ပွားခဲ့တဲ့ မှုခင်း ဖြစ်စဉ်များကြောင့် အတော်လေးစိတ်ထိခိုက်ခဲ့ပြီး ဝမ်းနည်း ခဲ့ရပါတယ်။ ညီမလေးအတွက် ထပ်မံပြီး စိတ်မကောင်းစရာကောင်းတဲ့ ဖြစ်ရပ် တစ်ခုကို တွေ့ခဲ့ရပါသေးတယ်။

မော်ဒယ်လ် နဲ့ သရုပ်ဆောင် သံစဉ်မောင်ရဲ့ရည်းစားဟောင်းဖြစ်သူ သရုပ်ဆောင် နေဒွေးက “၃နှစ်လောက် အချိန်ဖြုန်းမေ့မေ့ စကားနားမထောင်ေ မမေမကြိုက် တဲ့သူနဲ့ ရှုပ်ခဲ့တဲ့ အမှားတွေ ခုတော့ ၂၀၁၄ ခုနှစ်လောက်က အလုပ်ကို အရမ်းကြိုးစားတဲ့မေမေနဲ့ မန်နေဂျာ စကား အရမ်းနားထောင်တဲ့ jittoo လေးပြန်လာပြီ” ဆိုတဲ့ စာသားကို သူ့ရဲ့ myday မှာ တင်ခဲ့ပြီး သူရည်ညွှန်းတဲ့အဓိပ္ပါယ်က မိန်းကလေးရှင် ဘက်ကို ထိခိုက်စရာဖြစ်ခဲ့တာကြောင့် ဘေဘီမောင်က ညီမဖြစ်သူကို အခုလို ဒဲ့ပဲ ဆုံးမစကားပြောလိုက်ပါတယ်။

“ညီမလေးရေ စိတ်တော့ မကောင်းပေမယ့် ရင်နာရပေမယ့် တချို့သော ကိစ္စတွေကို ခေါင်းထဲကထုတ်ပီး ကိုယ့်ကို ချစ်တဲ့သူတွေကြား မှာ ပျော်အောင်နေပေးပါ ကိုယ်နဲ့အဆင်မပြေမှ သူ့အကြောင်းမကောင်းပြောတာ မဖြစ်စေနဲ့ အသက်ရွယ်နဲ့ လိုက်တဲ့ ရင့်ကျက်မှုရှိပါစေ တရားပျက်တဲ့ လူတချို့နဲ့ တွေ့လာခဲ့ရင်တောင် ဥပေက္ခာတရား နဲ့ ရင်ဆိုင်ပီး ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ရင်းနေကြမယ် အချိန်တခုကို စောင့်လိုက်တဲ့ အခါ အမှန်တရား ထွက်ပေါ်လာတတ်တာ ပါကျဲလေး သိပီးပီပဲမို့လား ကိုယ်သာဖို့ အတွက်တော့ သူများကို မနာစေလိုတဲ့ ငါ့ပါကျဲလေး ကို မကြီးနာ အမြဲယုံတယ်နော်❤️”ဆိုပြီး ပြတ်ပြတ်သားသား နဲ့ ကို လူသိရှင်ကြား ဆုံးမစကားပါးလိုက်ပါတယ်။

Photo © : Baby Maung Facebook,Than San Maung Facebook, Nay Dway Facebook
#Burmese Crush #MCelebrity By NH

Zawgyi






About the author

Aung Lay

Leave a Comment