ၾကားသိရသမ်ွ

မိသားစု အတွက် သားသမီးတွေ အတွက် ကိုယ်ပိုင်အိမ်လေးနဲ့ ထားချင်လို့ ဆိုပြီး အဖေ ကျောက်သွားတူးတယ်

Written by Aung Lay

မိသားစု အတွက် သားသမီးတွေ အတွက် ကိုယ်ပိုင်အိမ်လေးနဲ့ ထားချင်လို့ ဆိုပြီး အဖေ ကျောက်သွားတူးတယ်

ခုတော့ အဖေ သမီးတို့အဝေး ကို အပြီးထွက်သွားပြီလား . . . အဖေ အလုပ်သိမ်းတဲ့ အချိန်ဆို ဖုန်းလေးခေါ်ပြီး သမီးတို့ရေ နေကောင်းလား . . .ဖေဖေ ပြန်လာတော့မှာနော် . . .ဖေဖေ သမီးတို့အတွက် သမီးတို့လိုချင်တဲ့အိမ်လေး ဝယ်ဖို့ ပိုက်ဆံစု နေတာ ပြည့်တော့မယ်လို့ပြောတဲ့ ဖေဖေ…

ခုတော့ အဝေးဆုံးကို ထွက်သွား ပြီလား ဖေဖေ . . . သူများတွေ အလုပ်တွေနားလို့ မိသားစုတွေဆီ ပြန်ကြရင်တောင် . . .သမီးတို့နဲ့ တစ်သက်လုံးအတူတူနေဖို့ ဖေဖေ ခဏခွဲနေရတာပါ . . .ပြန်လာတော့မှာပါဆိုပြီး ငိုချင်နေတာကို အံကိုကြိတ် အားတင်းပြီး ပြောတဲ့ ဖေဖေ . . .ခုတော့ ဖေဖေပြန်မလာနိုင်တော့ဘူးတဲ့လား . . .အဖေ . . .နောင်ဘဝဆက်တိုင်း အဖေနဲ့ ပြန်ဆုံချင်တယ်အဖေ. . . .

အဖေ ကောင်းရာသုဂတိလားပါစေ အဖေ. . . . အမေကတော့ အဖေ့သတင်းကြားပြီး ကတည်းက ငိုနေတာ ခုထိပဲ အဖေ. . . သမီးစိတ်ညစ်တဲ့အခါ ဘယ်သူ့ ကိုရင်ဖွင့်ရမလဲ အဖေရယ် . . . အဖေ သမီးတို့ကို မနှုတ်ဆက်ပဲ အဝေးကိုထွက်သွားတယ်နော်အဖေ. . . သမီးအဖေ့ကို တစ်ကြိမ်လောက် ဖြစ်ဖြစ် တွေ့ပြီး စကားတွေပြောချင်သေးတယ် အဖေ . . . .

ဖေဖေ့ကို ချစ်တဲ့ သမီးလေး

Zawgyi






Credit

About the author

Aung Lay

Leave a Comment