Cele News

ပရိသတ်တွေအံ့အားသင့်သွားအောင်လို့ ကောင်မလေးနဲ့ကြည်နူးနေတဲ့ပုံရိပ်လေးတွေကို ထုတ်ပြလာတဲ့ G Fatt

Written by Aung Lay





Swelsone News

———-

ပရိသတ်ကြီးရေ G Fattကတော့ လူငယ်တွေအရမ်းကြိုက်နှစ်သက်ရတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပြီး သူရေးဖွဲ့လိုက်တဲ့ သီချင်းစာသားတိုင်းကလည်း ရင်ကိုထိမှန်စေပါတယ်နော်။G Fattက လက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး တစ်ယောက်တည်း အေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်ပါတယ်။

G Fattရဲ့ သီချင်းဟောင်းလေးတွေကလည်း ယနေ့အချိန်ထိတိုင်မရိုးသွားသေးဘဲ နားထောင်လို့ကောင်းနေဆဲဖြစ်တာကြောင့် ပရိသတ်တွေကြားမှာအရမ်းရေပန်းစားနေတာဖြစ်ပါတယ်နော်။

G Fatt က နောက်ထပ်လည်းသီချင်းအသစ်တွေကို ဆက်လက်လုပ်ဆောင်နေပြီး အနုပညာညီအစ်ကိုမောင်နှမတွေနဲ့လည်း ခင်ခင်မင်မင်လက်တွဲနေထိုင်နေတာဖြစ်ပါတယ်။G fattရဲ့ အနုပညာခြေလှမ်းတွေကို သူ့ရဲ့ချစ်ပရိသတ်တွေကလည်း အမြဲစောင့်ကြည့်ပြီး အားပေးနေကြတာပါနော်။G fattကတော့ လူငယ်ပီပီအရမ်းကြိုးစားတာကြောင့် တေးသီချင်းလောကမှာ နေရာတစ်နေရာကနေ ရပ်တည်နေပြီး အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အခုဆိုရင်တော့ G Fattက ပရိသတ်တွေအံ့အားသင့်သွားအောင်လို့ ကောင်မလေးတစ်ယောက်နဲ့ကြည်နူးနေတဲ့ပုံလေးတွေကို တင်ပေးလာတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း G Fatt နောက်ထပ်သီချင်းအသစ်လေးအတွက် MVရိုက်နေတယ်လို့ ထင်ကြေးပေးကြပြီး သူ့အတွက်ပျော်ရွှင်နေကြတာဖြစ်ပါတယ်။G Fattတို့နှစ်ယောက်ရဲ့ ကြည်နူးနေတဲ့ပုံရိပ်လေးတွေက ဘာအတွက်ဖြစ်မလဲဆိုတာကို ပရိသတ်ကြီးလည်း ခန့်မှန်းရင်း နောက်ထပ်သီချင်းအသစ်လေးကို စောင့်မျှော်လိုက်ရအောင်နော်။

Swelsone News

About the author

Aung Lay

Leave a Comment